ကျိုက်ထိုမတ်၉
ကျိုက်ထိုမြို့နယ်တွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ကာယပညာဦးစီးဌာနတို့ပူး ပေါင်း၍ (၄၈)နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် (ဖူဆယ်)အားကစားပြိုင်ပွဲကို ယနေ့နံနက် ၇နာရီတွင် ကျိုက်ထိုမြို့နယ် အောင်ဆန်း အားကစားကွင်း (ဖူဆယ်) ဝင်း၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲကျင်းပရာတွင် ရပ်ကွက် ကျေးရွာများအလိုက် အုပ်စု (၄)စုခွဲ၍ အသင်း(၁၀)သင်းမှ မတ် ၉ ရက် နေ့မှ မတ် ၁၁ ရက်နေ့ထိ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ပထမနေ့ ပွဲစဉ်တွင် တောင်ပိုင်းရပ် ကွက်အသင်းမှ ကံ့ကော်ရပ်ကွက် အသင်းအား(၂)ဂိုး (၁)ဂိုးဖြင့်လည်းကောင်း၊ မြောက်ပိုင်းရပ်ကွက် အသင်းမှ ကော့စံနိုင်ရပ်ကွက်အသင်းအား(၂)ဂိုး (၀)ဂိုးဖြင့်လည်းကောင်း၊ ဖက္ကလိပ် ကျေးရွာအသင်းမှ သိမ်ဇရပ်အုပ်စု(က)အသင်းအား (၆)ဂိုး(၄)ဖြင့် အနိုင်ရ ကစားခဲ့ကြသည်။
ယှဉ်ပြိုင်ကစားနေသည့် အသင်းများအနေဖြင့် ပထမ၊ ဒုတိယပွဲစဉ်များ၌ ရှုံးထွက်ပွဲကို ကြုံတွေ့ ရမှာဖြစ်၍ တတိယပွဲစဉ်အတွက် ကြိုးစားကစားလျက်ရှိကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)