အမြို့မြို့အနယ်နယ်သတင်းများ

Mar 10,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါပိုး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍မြန်မာနှင့်ရှမ်းဘာသာတို့ဖြင့် အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ညနေပိုင်း က မိုင်းခတ်မြို့ အမှတ်(၂)ရပ်ကွက်တွင် Hand Speaker ဖြင့် လှည့်လည်နှိုးဆော်ခဲ့သည်။
Mar 10,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် တက္ကသိုလ် ခင်မောင်ဇော်၏ "လူသားဝန်းကျင်မှ အန္တရာယ်အသွယ်သွယ်" စာအုပ်ဖြင့်စာပေချစ်မြတ်နိုးသူ၊ စာပေဝါသနာရှင်များ စုစည်း၍ Book Club အဖွဲ့ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၉)နာရီ က ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Mar 10,2022
ဧရာဝတီတိုင်း​ဒေသကြီး၊​ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကက္ကလကျေးရွာနှင့်​ ရွှေလောင်းကျေးရွာတို့၌​ ယ​နေ့ နံနက် ၈ နာရီအချိန်မှစ၍ ကက္ကလကျေးရွာ ကျေးလက်ကျန်းမာ​ရေးဌာနခွဲနှင့်​​ ရွှေ​လောင်းတိုက်နယ် ကိုဗစ်-၁၉​ ရောဂါ ကာကွယ်ဆေးထိုးစုရပ်မှာ အသက် ၁၈ နှစ်အထက် ကျေးရွာသူ​က ကျေးရွာသားများ ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့်အဝ ထိုးနှံနိုင်​ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက် ဦး​ဆောင်၍ ကိုဗစ်-၁၉ ကာကွယ်​ဆေးထိုးအဖွဲ့များက ကွင်းဆင်း​ဆောင်ရွက်ကြကြောင်း သိရသည်။
Mar 10,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သန်းနှင့်အတူ ဝန်ထမ်းအဖွဲ့များ၊ ညောင်ပင်ကွင်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များသည် ခရမ်းမြို့နယ် ညောင်ပင်ကွင်းအထက်တန်းကျောင်းတွင် ယမန်နေ့နံနက် (၈:၀၀) နာရီမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
Mar 10,2022
မကွေးတို်ငးဒေသကြီး သရက်ခရိုင် ကံမမြို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှတ်(၂)ရပ်ကွက်ရှိ နှင်းဆီလမ်းအား မြေသားလမ်းအဖြစ်မှ မြေနီကျောက်ချော လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။
Mar 10,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရန်၊ မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွါးစေရန်၊ မီးဘေးအန္တရာယ်ကြောင့် နစ်နာဆုံးရှုံးမှုမရှိစေရန် ရည်ရွယ်ချက်ဖြင့် ယမန်နေ့ညပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်၍ မီးသတိပေးနှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Mar 10,2022
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးကော်မတီမှ ယနေ့ နံနက်ပိုင်းက ပေါင်မြို့ မင်္ဂလာစျေး၌ စျေးရောင်းဝယ်သူများအား ကိုဗစ်-၁၉ရောဂါပိုး ရှိ၊ မရှိ Mobile Swab ဖြင့် အခမဲ့ကွင်းဆင်း စစ်ဆေးပေးခဲ့ကြောင်း သိရသည်။
Mar 10,2022
အလုပ်သမားဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင် လေ့ကျင့်ရေးသင်တန်းကျောင်း (ပုသိမ်) တွင် အိမ်တွင်းလျှပ်စစ် သွယ်တန်းတပ်ဆင်ခြင်း သင်တန်း ဖွင့်ပွဲအခမ်း အနားကို ယနံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်သည်။