ဝါးခယ်မ မတ်လ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကက္ကလကျေးရွာနှင့် ရွှေလောင်းကျေးရွာတို့၌ ယနေ့ နံနက် ၈ နာရီအချိန်မှစ၍ ကက္ကလကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ရွှေလောင်းတိုက်နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးစုရပ်မှာ အသက် ၁၈ နှစ်အထက် ကျေးရွာသူက ကျေးရွာသားများ ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့်အဝ ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက် ဦးဆောင်၍ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးအဖွဲ့များက ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။
ဝါးခယ်မြို့နယ်အတွင်း အသက် ၁၈ နှစ်အထက် ပြည်သူများ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုကို ဧပြီလအတွင်း ရာနှုန်းပြည့် ထိုးနှံနိုင်ရေး အပြည့်အဝ လွှမ်းခြုံနိုင်ရေးအတွက် ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အနီးကပ် ကြီးကြပ်နိုင်ရန် ဌာနဆိုင်ရာအကြီးအကဲများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေး ကော်မတီအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့များ စုပေါင်းပြီး ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းကာ သတ်မှတ်ထားသောဆေးထိုးစုရပ် ကျေးရွာအုပ်စုများသို့ သွားရောက်ကွင်းဆင်း ဆောင်ရွက်ကြကြောင်း သိရသည်။
ရီရီလွင်