Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တာမွေမြို့နယ်တွင် ပါးစပ်/နှာခေါင်းစည်း ( Mask ) စနစ်တကျ တပ်ဆင်စေရေး အသိပညာပေး လှုပ်ရှားမှုများ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ
Mar 10,2022
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (omicron) ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ စျေးများနှင့်ကုန်စည်ပွဲရုံများဌာန၏စီစဉ်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီမှဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တာမွေမြို့နယ်အတွင်းရှိ လူစည်ကားရာစျေးများ၊ ကားမှတ်တိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များ၊ လမ်းဆုံလမ်းခွများနှင့် လူအသွားအလာများသည့် နေရာများတွင် ပါးစပ်/နှာခေါင်းစည်း ( Mask ) များနှင့် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (omicron)နှင့် ပတ်သက်၍ အသိပညာပေး လက်ကမ်း စာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြပြီး မြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (omicron) ကူးစက်မှု မရှိစေရေးအတွက် ပါးစပ်/နှာခေါင်းစည်း ( Mask ) စနစ်တကျ တပ်ဆင်စေရေး အသိပညာပေး လှုပ်ရှားမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းမြို့တွင် တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းဖွင့်
Mar 10,2022
စစ်ကိုင်းခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်တွင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယနေ့ဆက်လက်ထိုးနှံပေး
Mar 10,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများအား ကာကွယ်ဆေးများ တတိယနေ့ ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီက သာသနဗိမာန်ခန်းမတွင် မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့သောင်းခရိုင်အတွင်းရှိ မော်ကယ်(ဆလုံ)တိုင်းရင်းသားများအား ဖိုင်ဘာလှေနှင့် အိမ်သုံးဆိုလာပစ္စည်းများ ထောက်ပံ့ပေးအပ်
Mar 10,2022
တနင်္သာရီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏ထောက်ပံ့မှုဖြင့် ကော့သောင်းခရိုင်အတွင်းရှိ မော်ကယ်(ဆလုံ)တိုင်းရင်းသားများအား ဖိုင်ဘာလှေနှင့် အိမ်သုံးဆိုလာပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားကို ကိုဗစ်၁၉ရောဂါ ထိန်းချုပ်ရေးစည်းကမ်းချက်များနှင့်အညီ မတ်လ ၁၀ရက်နေ့ နံနက်ပိုင်းက ကော့သောင်းမြို့၊ သီရိမြိုင်ရပ်ကွက်၊ ယဉ်ကျေးမှုပြတိုက် အဆောက်အဦးခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Mar 10,2022
"လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားတိုင်းကိုင်ဆောင်နိုင်သည့် ကတ်တစ်မျိုးမျိုး ရရှိကိုင်ဆောင်နိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုဦးရေစာရင်းများကို လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၅၀)ရပ်ကွက်ဓမ္မာရုံ၌ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမြင့်ဇော်၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများမှ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
တွံတေးမြို့နယ်၌ ၂၀၂၂ခုနှစ် တက္ကသိုလ်၀င်ခွင့်စာမေးပွဲသို့ ကျောင်းသား/သူ(၉၃၃) ဦး၀င်ရောက် ဖြေဆိုမည်
Mar 10,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ၂၀၂၂ ခုနှစ် မတ်လ ၃၀ ရက်နေ့မှ ဧပြီ ၉ရက်နေ့ အတွင်း ပြုလုပ်မည့်တက္ကသိုလ်၀င်ခွင့်စာမေးပွဲတွင် စာစစ်ဌာန (၂)ခုတွင် အတွင်းဖြေဆိုသူ (၆၅၈)ဦးနှင့် အပြင်ဖြေဆိုသူ ( ၂၇၅ ) ဦးစုစုပေါင်း (၉၃၃) ဦးတို့က ယမန်နေ့အထိဖြေဆိုခွင့်လျှောက်လွှာများကို တင်သွင်းထားကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုင်းကြီးကျွန်းမြို့ ၌ မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စွန်းဘုရား ဗုဒ္ဓပူဇနိယ ပွဲတော်ဖွင့်ပွဲ အခမ်းအနား ကျင်းပ
Mar 10,2022
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ရှိ ရှေးဟောင်း သမိုင်းဝင် ဘုရားတစ်ဆူဖြစ်သည့် မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင်စွန်းဘုရား ဗုဒ္ဓပူဇနိယ ပွဲတော်ကြီးကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းကမ်းများ နှင့်အညီ ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အောင်အောင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရေတပ်စခန်း ဒုတိယ ဌာနချုပ်မှူး ဗိုလ်မှူးကြီးကျော်ထင်နှင့် တိုင်း/ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြား ထားသော ဧည့်ပရိတ်သတ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တံတားမြို့၌ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲသို့ ကျောင်းသား/ကျောင်းသူ(၂၂၄)ဦးဝင်ရောက်ဖြေဆို
Mar 10,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့တွင် ၂၀၂၂ခုနှစ်၊ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ကျောင်းသား/ကျောင်းသူ (၂၂၄) ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22122
Page
22123
Page
22124
Page
22125
Current page
22126
Page
22127
Page
22128
Page
22129
Page
22130
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department