Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
သံဖြူဇရပ်မြို့နယ်အတွင်းရှိ အဝေးပြေး မော်တော်ယာဉ်များအား မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး
Mar 10,2022
နွေရာသီရောက်ရှိလာပြီဖြစ်၍ ပြည်သူများ ခရီးသွားလာရာတွင် မီးဘေးအန္တရာယ် လုံခြုံမှုရှိစေရေး တို့အတွက် ယနေ့ နံနက်ပိုင်းက မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျောင်းပိုင်းရပ်ကွက်နှင့် စက်သစ်ရပ်ကွက်ရှိ အဝေးပြေးကားဝင်း၌ မော်တော်ယာဉ်များအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နောင်တရားမြို့တိုက်နယ်ပြည်သူ့ဆေးရုံ၌ လိုအပ်နေသည့် အာထရာဆောင်းတပ်ဆင်ရန်နှင့် ဆေးရုံဝန်း အုတ်တံတိုင်း ကာရန် အတွက် ဌာနဆိုင်ရာများမှ အလှူငွေထည့်ဝင်လှူဒါန်း
Mar 10,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ တိုက်နယ်ပြည်သူ့ဆေးရုံ၌ လိုအပ်နေသည့် အာထရာဆောင်းတပ်ဆင်ရန်နှင့် ဆေးရုံဝန်းအုတ်တံတိုင်းကာရန်အတွက် နောင်တရားမြို့ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းလှူဒါန်းသည့် အလှူငွေများကို ယနေ့နံနက်ပိုင်းတွင် ပေးအပ်လှူဒါန်းသည်။
အပြည့်အစုံ ဖတ်ရန်
တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)စျေးအတွင်း သန့်ရှင်းသပ်ရပ်စေရေးအတွက် အထူးအလေးထားဆောင်ရွက်
Mar 10,2022
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)စျေးအတွင်း သန့်ရှင်းသပ်ရပ်စေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က စျေးတာဝန်ခံ ဦးသူရဝင်း၏ ဦးဆောင်မှုဖြင့် စျေးရှိစည်ပင်သာယာဝန်ထမ်းများနှင့် စျေးသူ/စျေးသား ပူးပေါင်း၍ အဆိုပါ တာမွေယာယီစျေးအတွင်း စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခြင်း၊ စျေးအတွင်း လူအသွားအလာများသည့် နေရာများမှ အညစ်အကြေးများနှင့် စွန့်ပစ်အမှိုက်များအား ဖယ်ရှားရှင်းလင်းခြင်း၊ စျေးအတွင်းရှိ ရေဝပ်နေသော ချိုင့်ခွက်နေရာများအားသဲအိတ်များဖြင့် မြေဖို့ပေးခြင်းနှင့် စျေးအတွင်းရှိ ရေနှုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေနှုတ်မြောင်းများအတွင်း ပိတ်ဆို့နေသော နှုန်းနှင့်အမှိုက်များကို ဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် လူငယ်နှင့်ပရဟိတ ခေါင်းစဉ်ဖြင့် အသိပညာပေး ဆွေးနွေးပွဲTalk Show ပြုလုပ်
Mar 10,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် လူငယ်နှင်ပရဟိတ ခေါင်းစဉ်ဖြင့် အသိ ပညာပေးဆွေးနွေးပွဲ Talk Show ကို ယမန်နေ့ မွန်းလွဲ (၃:၀၀) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေးမြို့နယ် ပြည်သူ့ဆေးရုံတွင် သားအိမ်ခေါင်းကင်ဆာရောဂါ (ဒုတိယအကြိမ်) အခမဲ့စစ်ဆေးပေး
Mar 10,2022
မွန်ပြည်နယ် ရေးမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ အခမဲ့စစ်ဆေးပေးခြင်းများကို မြို့နယ် ကုတင်၁၀၀ ပြည်သူ့ဆေးရုံ၌ ယမန်နေ့ ကစတင် စစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆင်ပေါင်ဝဲမြို့နယ် အင်းကြားကျေးရွာ မီးဘေးသင့်ပြည်သူလက်ဝယ်အရောက် ကယ်ဆယ်ရေးပစ္စည်းများနှင့် ရန်ပုံငွေများထောက်ပံ့ပေးအပ်
Mar 10,2022
ဆင်ပေါင်ဝဲမြို့နယ်၊ အင်းကြားကျေးရွာတွင် ယမန်နေ့က လူနေအိမ်(၄)လုံး မီးလောင်ကျွမ်းခဲ့ရာ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မီးဘေးသင့် ပြည်သူ လက်ဝယ်အရောက် ကယ်ဆယ်ရေးပစ္စည်းများနှင့် ရန်ပုံငွေများထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က အင်းကြားကျေးရွာတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဆင်ပေါင်ဝဲမြို့၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား(၄၄၉၃)ဦး ကွင်းဆင်းဆောင်ရွက်ပြီးစီး
Mar 10,2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ သရက်ခရိုင် ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းဇော်၏ အနီးကပ် ကြီးကြပ်မှုဖြင့် ဆင်ပေါင်ဝဲမြို့နယ် ဦးစီးမှူးရုံးမှ ရုံးဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ရရှိရေးကို အထူးအလေးထား၍ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့အရောက် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ အချိန်အထိ အသစ်၊ လဲလှယ်၊ မိတ္ထုအပါ နိုင်ငံသားစိစစ်ရေးကတ်ပြား (၄၄၉၃) ဦးကို ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပုံးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် ပြည်သူများအား မိုဘိုင်းစနစ်ဖြင့် ကျေးရွာအရောက် ကွင်းဆင်းထိုးနှံပေး
Mar 10,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် ပြည်သူများအား မိုဘိုင်းစနစ်ဖြင့် ကျန်းမာရေးဝန်ထမ်းများက ကျေးရွာအရောက် ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22121
Page
22122
Page
22123
Page
22124
Current page
22125
Page
22126
Page
22127
Page
22128
Page
22129
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department