ပန်းတောင်း မတ် ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရန်၊ မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွါးစေရန်၊ မီးဘေးအန္တရာယ်ကြောင့် နစ်နာဆုံးရှုံးမှုမရှိစေရန် ရည်ရွယ်ချက်ဖြင့် ယမန်နေ့ညပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်၍ မီးသတိပေးနှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ မီးသတိပြုရေးနှိုးဆော်မှုဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနဦးစီးမှူး ဦးကိုကို ဝေဟိန်းခေါင်းဆောင်သောမီးသတ်တပ်ဖွဲ့ဝင်များက ယခုအခါပူပြင်း ခြောက်သွေ့ သော နွေရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် မိဘပြည်သူများအနေ ဖြင့် မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် သတိပြုနေထိုင်ကြရန်၊ မိမိတို့နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံး၊ မီးသတ်ဆေးဘူးများ ထားရှိရန်၊ လျှပ်စစ်မီးစနစ်တကျသုံးစွဲရန်၊ အရေးပေါ်မီးငြိမ်းသတ်နည်းများကို သိရှိပြီးလိုက်နာကြရန်၊ မီးကြွင်းမီးကျန်များမထားရန် အကယ်၍ မီးဘေးအန္တရာယ်ကျရောက်ပါက အရေးပေါ်ဖုန်းနံပါတ်များအား ဆက်သွယ်ဆောင်ရွက်ကြရန် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
သင်းသင်းအေး(ပြန်/ဆက်)