ခရမ်းမြို့နယ် ညောင်ပင်ကွင်းကျေးရွာ အထက်တန်းကျောင်းတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ခရမ်း  မတ် ၁၀

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သန်းနှင့်အတူ ဝန်ထမ်းအဖွဲ့များ၊ ညောင်ပင်ကွင်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များသည် ခရမ်းမြို့နယ် ညောင်ပင်ကွင်းအထက်တန်းကျောင်းတွင် ယမန်နေ့နံနက် (၈:၀၀) နာရီမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

ထိုကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးမှူး ဦးမောင်မောင်သန်းမှ ပန်ခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား(အသစ်/လဲလှယ်) ခြင်းများ ပြုလုပ်ပေးရာတွင်  သိသင့်သိ ထိုက်သည့် အချက်များနှင့် ပန်းခင်းစီမံချက်​ဆောင် ရွက်​ပေး​နေမှုများ၊ နိုင်ငံသားစိစစ်​ရေးကတ်ပြား ကိုင်​ဆောင်သူများ၏ ရပိုင်ခွင့်များ၊ နိုင်ငံသားစိစစ်​ရေးကတ်ပြား ကိုင်​ဆောင်သူတို့ လိုက်နာရမည့် စည်းကမ်းချက်များ၊ အိမ်ထောင်စုလူဦးရေစာရင်းလျှောက်ထားမှု၊ မွေးဖွားသေဆုံး/ ပြောင်းဝင်/ပြောင်းထွက် လုပ်ငန်းတို့၏ အရေးပါပုံတို့နှင့်အတူပြုလုပ်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပြုပြင်ခြင်းနှင့်ပျောက် ဆုံး ပျက်စီးမှုများရှိပါက သက်ဆိုင်ရာဦးစီးဌာနသို့ ဆက်သွယ်ပြုလုပ်နိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ပြုလုပ်ပြီးစီးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပြည်သူများ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ညောင်ပင်ကွင်းအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ (၁၁၅) ဦးတို့ကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ကိုမင်း (ခရမ်း)