အမြို့မြို့အနယ်နယ်သတင်းများ

Mar 10,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသည့် ပြည်သူများအား မတ် ၈ ရက်နေ့က စတင်ပြီး ကျန်းမာရေး ဝန်ထမ်းများက မိုဘိုင်းစနစ်ဖြင့် ကျေးရွာများအရောက် ကွင်းဆင်း၍ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Mar 10,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ရေးကော်မတီအနေဖြင့် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးများထိုးနှံပေး လျက်ရှိရာ ယနေ့နံနက် (၉)နာရီခွဲအချိန်ခန့်က စတင်ကာ ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် အသက်(၁၈)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူများအား ပထမအကြိမ်နှင့် ဒုတိယအကြိမ် Sinovac အမျိုးအစား    ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။
Mar 10,2022
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်ရှိ တောင်နဝင်းရေလှောင်တမံမှ ရပ်ကွက်၊ ကျေးရွာအုပ်စု(၅၈)အုပ်စုရှိ ဒေသခံတောင်သူများ၏ နွေစပါးသီးနှံစိုက်ပျိုးရန် လယ်ယာမြေဧက (၁၀၀၀၀)ကျော်အတွက် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့စတင်၍ စိုက်ပျိုးရေများ ဖြန့်ဝေပေးလျက်ရှိပြီး၊ နွေစပါးနှင့်အခြားသီးနှံများ စိုက်ပျိုးနိုင်အောင် အထောက်အကူပြုလျက်ရှိသည်။
Mar 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၂နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဆီထွက်သီးနှံ နေကြာ စိုက်ပျိုးနည်း အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။
Mar 10,2022
၂၀၂၂ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသင်းလိုက် တံခွန်စိုက်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလားဆွတ်ခူးရရှိခဲ့သည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကိုယ်စားပြု Golf အသင်း၊ အမျိုးသားအသင်းလိုက် ဒုတိယဆုဖလားနှင့် အမျိုးသမီး အသင်းလိုက် တံခွန်စိုက်ဆုဖလားအပ်နှံသည့် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 10,2022
ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် မီးသတ်ဦးစီးဌာနမှ ရုံးဌာနများတွင် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက်က အမှတ်(၃၆) စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ် စီမံကိန်းဦးစီးရုံး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးများ၌ မီးသတ်ဆေးဘူးများ၊ မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ရေအိတ်များထားရှိမှု အ‌ခြေအ‌နေများနှင့် မီးဘေးလုံခြုံရေးအကြံပြုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Mar 10,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊ကျေးသီးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ (မွေးဘဏ်စနစ်)ဖြင့် မွေးမြူထားသော မျိုးကောင်းမျိုးသန့် ဒေသနွားအတွက် အသားတိုး နွားစာအိတ်များ ဖြန့်ဖြူးပေးခြင်း အခမ်းအနားကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။