အမြို့မြို့အနယ်နယ်သတင်းများ

Mar 10,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံရမည့်သူများအားလုံးကို ရာနှုန်းပြည့် (၁၀၀%) ပြည့်မှီစွာထိုးနှံနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စုများအလိုက် ကွင်းဆင်းကာကွယ်ဆေးထိုးအဖွဲ့များဖွဲ့စည်း၍ ကျေးရွာများအရောက် ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Mar 10,2022
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ် ကျွန်းကလေးအုပ်စုပဒေသာ ကျေးရွာတွင် ယမန်နေ့နံနက်ပိုင်းက လေပြင်းကာကွယ်ရေးလုပ်ငန်းများအား ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 10,2022
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အပြည်ပြည် ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားအား ယမန်နေ့မွန်းလွဲ ၂ နာရီ အချိန်က Zoom Application ဖြင့် ကျင်းပပြုလုပ်သည်။
Mar 10,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများကို ရပ်ကွက်များအတွင်းသို့ နေ့စဉ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီက ဒေါပုံမြို့နယ် ကြည်စုရပ်ကွက်အတွင်းရှိ ပြည်သူများကို ကွင်းဆင်းပေးအပ်ခဲ့ကြောင်း သိရသည်။
Mar 10,2022
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)လမှတစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေး ထိုးနှံခြင်းကို ယမန်နေ့က ပုဏ္ဏားကျွန်းမြို့ မိခင်နှင့်ကလေး ကျန်းမာရေးဌာနနှင့် သတ်မှတ်စုရပ်နေရာ အသီးသီးတို့၌ တိုက်ကျွေး ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
Mar 10,2022
"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ် ရုံးကုန်းရပ်ကွက်ရှိ မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က အသက်(၁၈)နှစ်အထက် ပြည်သူများအား ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Mar 10,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင် ၊ သံတောင်ကြီးမြို့နယ်တွင် နောင်၌ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရန် ဆောင်ရွက် နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လည်(၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည်။
Mar 10,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်လျှပ်စစ်မန်နေဂျာရုံးတို့ ပူးပေါင်းအဖွဲ့မှ မြို့နယ်ဌာနဆိုင်ရာ ရုံးများအား ယမန်နေ့နံနက်(၁၀)နာရီ အချိန်က သွားရောက်၍ မီးဘေးလုံခြုံရေး ကွင်းဆင်း စစ်ဆေး၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။