ကံမမြို့ အမှတ်(၂)ရပ်ကွက် နှင်းဆီလမ်းအား မြေသားလမ်းအဖြစ်မှ မြေနီကျောက်ချောလမ်း အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်

ကံမ  မတ်  ၁၀

မကွေးတို်ငးဒေသကြီး  သရက်ခရိုင်  ကံမမြို့  မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ  အမှတ်(၂)ရပ်ကွက်ရှိ နှင်းဆီလမ်းအား မြေသားလမ်းအဖြစ်မှ မြေနီကျောက်ချော လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ဆောင်ရွက်နေသည့်  ကျောက်ချောလမ်းမှာ အရှည် ၄၀၀ ပေ၊ အနံ  ၁၂ ပေ၊  ထု ၉ လက်မအား၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် မြို့နယ်စည်ပင်သာယာရေး အဖွဲ့၏  ငွေလုံးငွေရင်း အသုံးစရိတ်ရန်ပုံငွေ ကျပ်(၅၀)သိန်းဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ကံမမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ  ဦးမြင့်လှိုင်ထံမှ    သိရသည်။  

ကျော်ဇေယျဝင်း(ကံမ)