စုကလိမြို့ သမိုင်းဝင်ဆံတော်ရှင် မုလအိစေတီတော်မြတ်ကြီး၏ ပထမအကြိမ် ဗုဒ္ဓပူဇေနိယပွဲတော် ကျင်းပပြုလုပ်

စုကလိ   မတ်   ၁၀

ကရင်ပြည်နယ် မြဝတီခရိုင်စုကလိမြို့ သမိုင်းဝင်ဆံတော်ရှင်မုလအိစေတီတော်မြတ်ကြီး၏ ပထမအကြိမ်အဖြစ် ဗုဒ္ဓပူဇေနိယပွဲတော် အဖြစ် တာနောထကျေးရွာ မုလအိတောင်ခြေ ယာဉ်ရပ်နားစခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ ကျင်းပပြုလုပ်ရာတွင် မုလအိတောင်တက်လမ်းတွင်ရှိသော နတ်ရေကန်၌ (၅)ရက်တိုင်တိုင် အသံမစဲမဟာပဠာန်းရွတ်ဖတ် ပူဇော်ခြင်းနှင့် မုလအိစေတီတော်မြတ်ကြီး၏ ထီးတော် စိန်ဖူးတော် ငှက်မြတ်နားတော်တို့ကို လာမည့်တပေါင်းလပြည့်နေ့တွင် အသစ်တင်လှူပူဇော်မည်ဖြစ်ပြီး ပျော်ပွဲရွှင်ပွဲများအဖြစ် ကရင်/မြန်မာ ဇတ်ပွဲများပါဝင်ပြီး တပေါင်းလပြည့်ကျော် (၁)ရက်နေ့အထိ ကပြမည်ဖြစ်ကြောင်း ရပ်နီးရပ်ဝေးမှ သဒ္ဓါကြည်လင်ပါရမီရှင်များအား အသိပေးဖိတ်ကြားအပ်ပါကြောင်း သိရှိရသည်။

ပိုပိုအောင်