တံတားဦးမြို့နယ်မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ၏ ရင်တွင်းစကားသံများ

တံတားဦး မတ် ၁၀

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် တားဆီးကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ ပြည်သူတစ်ဦး၏ ရင်တွင်းစကားသံအချို့ကို ယခုလိုပဲ တွေ့ဆုံမေးမြန်းခဲ့ပါတယ် -

ကျွန်တော့်အမည်က  ကိုသူရကျော် ဖြစ်ပါတယ်၊ နေထိုင်တာကတော့ ဥတည်ကျေးရွာအုပ်စု ဈေးကြီး ရပ်မှာ နေထိုင်ပါတယ်၊ အသက်ကတော့ (၃၅) နှစ်ရှိပါပြီး၊ အလုပ်အကိုင်ကတော့ အရောင်းအဝယ် လုပ်ငန်းလုပ်ကိုင်ပါတယ်။

ကာကွယ်ဆေးတွေ စတင်ထိုးနှံပေးတုန်းကအန္တရာယ်ရှိတယ်လို့ ပြောနေကြတဲ့အတွက် မထိုးရဲလို့ မထိုးခဲ့ပါဘူး၊ နောက်ပိုင်း ရောဂါကူးစက်မှုတွေ အရမ်းများလာပြီး သေဆုံးသူတွေရှိလာတဲ့ အတွက်ကြောင့် ကျွန်တော်ကြောက်လာမိတယ်၊ ပြီးတော့ကျွန်တော်က အရောင်းအဝယ်လုပ်တာ လူအများနဲ့ ထိတွေ့ ဆက်ဆံရတာများတဲ့အတွက် ကာကွယ်ဆေးထိုးနှံပြီး ရောဂါကာကွယ်မှ ဖြစ်မယ်ဆို တဲ့အတွေးနဲ့ ယနေ့ လာရောက်ထိုးနှံမှု ခံယူတာဖြစ်ပါတယ်၊ ကာကွယ်ဆေးထိုးနှံပေးတာ လက်မောင်းတော့ နည်းနည်း အောင့်တာ လောက်ပါပဲ ကျန်တာထွေထွေထူးထူး မခံစားရပါဘူး၊ ကာကွယ်ဆေး ထိုးနှံပေးတဲ့ ကျန်းမာရေးဝန်ထမ်းတွေက ဆေးထိုးပြီးရင် နေထိုင်စားသောက်ရမယ့် အကြောင်းတွေကို ရှင်းပြပေး ပါတယ်၊ ပြီးတော့ ပါရာတီတမော့လ် ဆေးလည်းပေးပါတယ်၊  ဒုတိယအကြိမ်ကိုတော့ ဧပြီလမှ ထပ်မံထိုး နှံမှု ခံယူမှာဖြစ်ပါတယ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးထိုးခြင်းကို အရေးကြီးဆုံး ပြောလို့ရမည့် အရာဖြစ်တဲ့အတွက် ကာကွယ်ဆေးထိုးခြင်းကို ကျွန်တော်တို့ အရောင်းအဝယ် လုပ်သူနေ တွေသာမက ပြည်သူများ  အားလုံးက လိုက်နာဆောင်ရွက်ကြဖို့လည်း လိုပါတယ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်အောင် ကူညီဆောင်ရွက်ပေးတဲ့ သက်ဆိုင်ရာ တာဝန်ရှိသူများအားလုံးကို ကျေးဇူးအထူးတင် ပါတယ်၊ ကာကွယ်ဆေး မထိုးနှံရသေးတဲ့ များရှိရင်လည်း မဖြစ်မနေ လာရောက် ထိုးနှံကြဖို့ကိုလည်း တိုက်တွန်းလိုပါတယ် ။

အခုလို ပြည့်ပြည့်စုံစုံဖြေကြားပေးတဲ့အတွက် အစ်ကို့ကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။

ရဲတင့်