မာန်အောင်မြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

မာန်အောင် မတ် ၁၀

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် အသက်(၁၈)နှစ်အထက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Covidshield(၂)ကြိမ် ထိုးနှံပြီး(၆)လပြည့်ပြီးသူများအား ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်း၊ သတ္တမအသုတ်(ဒုတိယ)အကြိမ်ထိုးနှံပေးခြင်းနှင့် အဋ္ဌမအသုတ်(ပထမ)အကြိမ် ထိုးနှံပေးခြင်းတို့ကို ယနေ့နံနက်     ၁၀နာရီမှ မွန်းလွဲ ၃နာရီထိ မြို့နယ်ပြည်သူ့ဆေးရုံဟောင်း ဆေးထိုးစုရပ်နေရာနှင့် သစ်ပုံ၊ ဆားချက်၊ ကျောက်တန်း ကျေးလက်ကျန်းမာရေးဌာနများတွင် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ ထိုးနှံပေးရာတွင်  မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစောမင်းကဦးဆောင်ပြီး ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံခြင်း မပြုမီ  စာရင်းများ မှတ်ယူခြင်း၊ လာရောက် ထိုးနှံသည့် သူများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးတွင်း အောက်ဆီဂျင် ပမာဏတိုင်းတာ ခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းများကို စနစ်တကျ ဆောင်ရွက်ပေးကာ ပုံမှန် ကျန်းမာရေးအခြေအနေရှိသူများကိုသာ ကာကွယ်ဆေးထိုးနှံပေးပြီး ထိုးနှံပြီးသည့် သူများအား မိနစ်၃၀ခန့် စောင့်ကြည့်ကာ ထိုးနှံပေးလျက် ရှိသည်။

မာန်အောင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာတွင် ယမန်နေ့က Covidshield(၂)ကြိမ် ထိုးနှံပြီး(၆)လပြည့်ပြီး၍ လာရောက် ထိုးနှံလာသူ ၁၀၁ဦး၊ သတ္တမအသုတ် (ဒုတိယ)အကြိမ် ထိုးနှံလာသူ ၁၈၂ဦးနှင့် အဋ္ဌမအသုတ်(ပထမ)အကြိမ် လာရောက်ထိုးနှံလာသူ ၈၇ဦး၊ စုစုပေါင်း ၃၇၀ဦးရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

သိန်းဖေ(ပြန်/ဆက်)