ဝေါလေမြိုင်မြို့၊ ပြည်သူ့စာကြည့်တိုက်၌ အောင်မြင်မှုအတွေ့အကြုံများ စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်

ဝေါလေမြိုင်   မတ်   ၁၀

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ဒေသခံပြည်သူ များ အသိပညာတိုးပွားစေရန်၊ စာဖတ်သည့်အလေ့အကျင့်ရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မားလာစေရန် ရည်ရွယ်၍ ယနေ့မွန်းလွဲ ၁ နာရီက စာဖတ်ဝိုင်းဆောင်ရွက်သည်။

ထိုသို့ စာဖတ်ဝိုင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နှင်းဝေဦးက စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ဝေါလေမြိုင်မြို့ရှိ စာအုပ်စာပေ ချစ်မြတ်နိုးသူ စာဖတ်ပရိတ်သတ်များ က စာရေးဆရာ ကျော်ကျော်လှိုင် ရေးသားသော "အောင်မြင်မှု အတွေ့အကြုံများ" စာအုပ်မှ "ဝါသနာပါတာကိုလုပ်ပါ" ခေါင်းစဉ်ပါ အကြောင်းအရာများကို တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နိုင်မျိုးသင်း(ပြန်/ဆက်)