သုံးခွမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်စာရေးဆရာ ဒေါက်တာကျော်စိန်ရေးသားသည့် " လူငယ်လမ်းညွှန်" စာအုပ်အား စာဖတ်ဝိုင်းကျင်းပပြုလုပ်

သုံးခွ မတ် ၁၀

ရန်ကုန်ကိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာ‌ရေးဌာနနှင့်ပူးပေါင်း၍ ကျောင်းသား/ သူများအား နွေရာသီကျောင်းပိတ်ရက် ရှည်ကာလအတွင်း စာကြည့်တိုက်နှင့်ရင်းနှီးမှု ရရှိစေရန်၊ စာဖတ်သည့်အလေ့အထ့ရရှိစေရန်၊ စာပေကိုမြတ်နိုးတန်ဖိုးထားတက်‌စေရေးနှင့် အချင်းချင်းဝိုင်းဖွဲ့ဆွေးနွေးခြင်းအားဖြင့်  တစ်ဦးချင်းစီ၏ အတွေးအခေါ်အသိအမြင်များအား မျှဝေတတ်စေရန်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ (၃)နာရီအချိန်က  လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ ဒေါက်တာကျော်စိန်ရေးသားသည့်  "လူငယ်လမ်းညွှန် " စာအုပ်အား စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ(တာ၀န်ပေး) ဒေါ်တင်တင်‌ထွေးက ဦးဆောင်ဆွေးနွေးသူ အဖြစ်" လူငယ်နှင့်ကျန်းမာရေး" လူငယ်နှင့်ပညာရေး (Book club)အဖွဲ့၀င်   မောင်၀ဏ္ကစိုးက "လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး "စသည့် စာအုပ်ပါအကြောင်းအရာများအား ဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် ကျောင်းသား/သူများမှ ၎င်းစာအုပ်ပါအကြောင်းအရာများကို  အပြန်အလှန်ဆွေးနွေး၍ စာဖတ်ဝိုင်းကျင်းပခဲ့ကြသည်။

စာဖတ်ဝိုင်းဆောင်ရွက်ပြီးနောက် မြို့နယ်ရုံးမှပြသထားသော နိုင်‌ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်၊ ကိုဗစ် -၁၉ ရောဂါထိန်းချုပ် ကာကွယ်ဖို့စောစော"ပြော" စောစော"သိ" အားလုံးအကျိုးရှိနှင့် ကလေးအလုပ်သမားပပျောက်ရေး၊ စသည့်နံရံကပ်စာစောင်များကို တက်ရောက်လာသော  ကျောင်းသား/သူလေးများက စိတ်ပါ၀င်စားစွာကြည့်ရူ့ကြကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)