ပျော်ဘွယ်မြို့နယ်တွင် အခြေခံမိုဘိုင်းဖုန်းအသုံးပြုနည်းသင်တန်းဖွင့်လှစ်

ပျော်ဘွယ် မတ် ၁၀

နေ့စဉ်လူနေမှုဘဝတွင် မရှိမဖြစ်အသုံးပြုလာလျက်ရှိသော မိုဘိုင်းဖုန်းကို ကောင်းမွန်စွာ အသုံးပြုနိုင်ရန်ရည်ရွယ်၍ အခြေခံ မိုဘိုင်းဖုန်းအသုံးပြုနည်း သင်တန်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယခုသင်တန်းက ကျွန်တော်အတွက် တန်ဖိုးရှိပါတယ်၊ ယခင်က ဖုန်ပြောတာကလွဲပြီး ကျန်တာတွေကို သိပ်နားမလည်ပါဘူး၊ အခုတော့ ဖုန်းကို အကျိုးရှိအောင် ဘယ်လိုသုံးရမလဲဆိုတာ နားလည်သဘော ပေါက်လာပါတယ်ဟု သင်တန်းသားတစ်ဦးက ရှင်းပြသည်။

အဆိုပါသင်တန်းတွင် မိုဘိုင်းဖုန်းဖြင့် မိမိအတွက် အကျိုးရှိအောင်အသုံးပြုနည်းများ၊ လူမှုကွန်ယက် စာမျက်နှာများ အသုံးပြုပါကလည်း ဆောင်ရန်၊ ရှောင်ရန်များ စသည်တို့ကို သင်တန်းနည်းပြက သင်ကြားပို့ချခဲ့ပြီး သင်တန်းသား(၁၀)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)