ဒေါပုံ မတ် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဦးစီးမှူး ဒေါ်မြမြနွယ်စိုးနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီ က ယမုံနာ (၁) ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရပ်ကွက်နေပြည်သူများ ယခင်ဆောင်ရွက်ထားပြီးသော နိုင်ငံသားစိစစ်ရေး ကတ်ပြားအသစ်များကို ပေးအပ်ခြင်း၊ အိမ်ထောင်စုစာရင်း မရှိသူများအား အသစ်ပြုလုပ်ပေးခြင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူများအား မြေပြင်တွင် တိုက်ဆိုင်၍ ရှိ /မရှိ စစ်ဆေးခဲ့ပြီး ကိုင်ဆောင်လက်မှတ်မရှိသူများအား သက်ဆိုင်ရာရုံးနှင့် ညှိနှိုင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါပန်းခင်းစီမံချက်ဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရုံးတွင်လည်း နေ့စဉ်ဆောင်ရွက် ပေးလျက်ရှိပြီး ယမုံနာ(၁)ရပ်ကွက်အတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ရန် ကျန်ရှိသော ရပ်ကွက်နေပြည်သူ အသက်(၁၀) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူ (၁၅)ဦး၊ အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူ (၂၂)ဦး၊ လဲလှယ်(၁၈)ဦး စုစုပေါင်း (၅၅) ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယဉ်မော်(ပြန်/ဆက်)