အခြေခံပညာကျောင်းများသို့ အသိပညာပေးဟောပြောခြင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

သီပေါ  မတ်  ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက အသိပညာပေးဟောပြောခြင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက အမှတ်() အခြေခံပညာအလယ်တန်းကျောင်းခွဲ သို့ သွားရောက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်() ဒေါ်ဝင်းမာအေး က ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ခြင်း၏အကျိုးကျေးဇူးများ အကြောင်းကို ရှင်းလင်းဟောပြောခဲ့ပြီး စာဖတ်စွမ်းရည် မြင့်မားလာစေရန်ရည်ရွယ်၍ စာအုပ်၊ စာစောင်များကို အလှည့်ကျ ဖတ်ကြားစေခြင်း၊ ရုပ်ပုံပြပုံပြောခြင်းနှင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သီပေါမြို့နယ်ရုံးမှ အသိပညာပေးဟောပြောခြင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများကို အခြေခံပညာကျောင်းများသို့ လစဉ် သွားရောက် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ကျောင်းသား၊ကျောင်းသူများ စာပေဖတ်ရှုသည့် အလေ့အကျင့်များ ပေါ်ပေါက်လာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း  သိရသည်။

ခင်လေး(သီပေါ)