ဆိပ်ဖြူမြို့၌ မီး​ဘေးအန္တရာယ်ကာကွယ်​ရေး အသိ​ပေးနှိုး​ဆော်ခြင်းနှင့် ​ကြိုတင်ပြင်ဆင်​လေ့ကျင့်မှုများ ​နေ့စဉ်ဆောင်ရွက်

ဆိပ်ဖြူ မတ် ၁၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးအောင်ဇော်လင်း၏ စီစဉ်ကြီးကြပ်မှုဖြင့် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် ကာကွယ်​နိုင်ရေးနှင့် ကြိုတင်ပြင်ဆင်​လေ့ကျင့်မှုများကို မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက​ နေ့စဉ် လေ့ကျင့်​ဆောင်ရွက်လျက်ရှိ​ကြောင်း သိရသည်။

ထိုသို့​ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီး​ဘေးအန္တရာယ် ကြိုတင်ကာကွယ်​နိုင်ရေး အသိပညာ​ပေး​ဆော်သြခြင်းကို အသံချဲ့စက်ဖြင့် မြို့​ပေါ်ရပ်ကွက်များသို့လည်း​ကောင်း၊ ပတ္တမြား စျေးအတွင်း​ စျေးသည်​စျေးဝယ်များအား လက်​တွေ့မီးငြိမ်းသတ်​​သရုပ်ပြခြင်းများကို လည်းကောင်း၊​ စျေးကြီးအတွင်း​ရေအုတ်ကန်၊ မီးသတ်​ဆေးဘူးနှင့် လျှပ်စစ်မီးကြိုး၏ အရည်အသွေး၊ သွယ်တန်းထားရှိမှု၊ အမှိုက်များစနစ်တကျ သိမ်းဆည်းစွန့်ပစ်​မှုစသည့် မီးဘေးလုံခြုံ​ရေးအတွက် စစ်​ဆေးခြင်းများကိုလည်းကောင်း၊ စက်သုံးဆီအ​ရောင်းဆိုင်နှင့် ​စိုက်ပျိုး​ရေးသုံးဆေးဝါး ပစ္စည်းသို​လှောင်ရုံများတွင် မီး​လောင်မှုမဖြစ်​ပေါ်​စေရေး လိုက်နာရမည့် အချက်များအား ရှင်းလင်း​ပြောကြား၍ စစ်​ဆေးခြင်း၊ အကြံဉာဏ်​ပေးခြင်းများကိုလည်းကောင်း၊ သဘာဝ​ဘေးအန္တရာယ်နှင့် မီး​လောင်မှုဖြစ်​ပေါ်ပါက ​ဆိပ်ဖြူမြို့နယ် မီးသတ်တပ်ဖွဲ့သို့ အမြန်ဆုံး ဆက်သွယ် အ​​ကြောင်းကြားရမည့်ဖုန်းနံပါတ်များ​ကို ဒေသခံပြည်သူများသိရှိ​စေရန် မီး​ဘေးလုံခြုံ​ရေး အသိပညာ​​ပေးကြော်ငြာရာတွင် ထည့်သွင်း​ကြော်ငြာ​ပေးခြင်းများကိုလည်းကောင်း ဆောင်ရွက်လျက်ရှိပြီး မြို့နယ်အတွင်း မီး​ဘေးလုံခြုံ​ရေးအတွက် သင့်(၄)သင့်ဖြစ်သည့် စက်အသင့်၊ ဆီအသင့်၊​ ရေအသင့်၊ လူအသင့် ဆောင်ရွက်ထားရှိကြောင်းမြို့နယ် မီးသတ်ဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)