သဲကုန်း မတ် ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်၊ သဲကုန်းမြို့နယ် ဈေးကွက်စောင့်ကြည့်စစ်ဆေးရေး အဖွဲ့မှ ယနေ့နံနက် (၉:၀၀) နာရီအချိန်တွင် သဲကုန်းမြို့ စည်ပင်သာယာမြို့မဈေး အတွင်းရှိ စားသုံးဆီနှင့်ရေသန့်များ ရောင်းချနေသော ကုန်စုံဆိုင်ဈေးဆိုင်များသို့ ကွင်းဆင်း သွားရောက်၍ စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၈)အရ ဖော်ပြပါ ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပြည့်စုံမှန်ကန်စွာ ဖော်ပြထားသော ကုန်စည်များကိုသာ ဦးစားပေး ရောင်းချကြရန် ၊ စားသုံးသူပြည်သူများ နစ်နာဆုံးရှုံးမှု ဖြစ်စေမည့် ကုန်စည်များ၊ သက်တမ်းလွန် ကုန်စည်များအား ရောင်းချခြင်းများ ရှောင်ကြဉ်ကြရန် လုပ်ငန်းရှင်များသို့ အသိပေး ပြောကြားခဲ့ကြောင်း သတင်း ရရှိပါသည်။
သဲကုန်းမြို့ စည်ပင်သာယာမြို့မဈေး အတွင်းရှိ စားသုံးဆီနှင့် ရေသန့်များ ရောင်းချနေသော ကုန်စုံဆိုင်ဈေးဆိုင်များသို့ စစ်ဆေးခြင်းကို မြို့နယ်စားသုံးသူ ရေးရာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှုး ဦးခင်မောင်ထွန်း၊ မြို့နယ်စည်ပင်သာယာရေး အမှူဆောင်အရာရှိ ဦးအေးကျော်၊ တိုင်းရင်းဆေးကုဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးမော်နှင့် စာသုံးသူရေးရာ ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ဝန်ထမ်းများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဝင့်နန္ဒာဌေး