ငါးသိုင်းချောင်းမြို့၌ ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

ငါးသိုင်းချောင်း မတ် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ အမျိုးသားခန်းမရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးစုရပ်၌ ယနေ့ နံနက်ပိုင်းက ကိုယ်ဝန်သက်တန်း (၈)လအောက် ကိုယ်ဝန်ဆောင် မိခင်များနှင့် ကလေးအသက်(၆)လအထက် နို့တိုက်မိခင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (sinovic)(ပထမအကြိမ်) စတင်ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့အပြင် အသက်(၁၈)နှစ်အထက် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမအကြိမ်)(COVISHIELD)ထိုးနှံပေးခြင်း၊ ဖေဖော်ဝါရီလ (၂၅)ရက်နေ့နှင့် ရှေ့ပိုင်းကာကွယ်ဆေး (COVISHIELD)(ပထမအကြိမ်) ထိုးနှံထားသူများကိုလည်း (ဒုတိယအကြိမ်) ထိုးနှံပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း သက်သေခံလက်မှတ်များ ထုတ်ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် သက်ဆိုင်ရာ ကျန်းမာရေးဌာန၊ မြို့အဆင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၊ ဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်း လူမှုရေးအသင်းအဖွဲ့များမှ အဆက်မပြတ် ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့အထိ ငါးသိုင်းချောင်းမြို့၌ ဦးစားပေး ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးသူဦးရေ (၁၂၀၀၀)ဦးခန့် ရှိပြီဖြစ်ကြောင်း သိရှိရသည်။

စိုးမင်းဦး