ကျောက်တလုံးကြီးမြို့၊ နောင်ခဲကျေးရွာ၌ သတ္တမအသုတ်အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး

ကျောက်တလုံးကြီး မတ် ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျောက်တလုံးကြီးမြို့၊ နောင်ခဲကျေးရွာ၌ သတ္တမအသုတ် အသက်(၁၈)နှစ်နှင့် အထက်ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို နောင်ခဲဘုန်းတော်ကြီး ကျောင်းတွင် ယနေ့နံနက် ၉ နာရီမှစ၍ ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကာကွယ်ဆေး လာရောက်ထိုးနှံသည့် နောင်ခဲကျေးရွာအုပ်စုတို့မှ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား  ကျောက်တလုံးကြီးမြို့ ကျေးလက်ကျန်းမာရေးဌာနခွဲမှ ကျန်းမာရေးဝန်ထမ်း၊ ဟမ်းဆီးကျေးလက်ကျန်း မာရေးဌာနမှ ကျန်းမာရေး ဝန်ထမ်းများနှင့် နောင်ခဲကျေးလက်ကျန်းမာရေး ဌာနခွဲမှ ကျန်းမာရေး ဝန်ထမ်းများတို့က    ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (CoviShield) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းတွင် ကျောက်တလုံးကြီးမြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးစောချမ်းနှင့် ဝန်ထမ်းများ၊ နောင်ခဲကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် ရပ်ကျေးစာရေး၊ စေတနာ့ဝန်ထမ်းများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြကြောင်း သိရသည်။

စည်သူ