တာချီလိတ်မြို့၌ Covid-19  Quarantine Center အဆောက်အဦသစ် တည်ဆောက်လှူဒါန်း

တာချီလိတ်  မတ်လ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့ ဝမ်လုံးရပ်ကွက်တွင် ထိုင်း၊ လာအိုနိုင်ငံများမှ ပြန်လာသည့်သူများနှင့် ဒေသတွင်းမှ ကိုဗစ်-၁၉ ရောဂါသံသယလူနာများအား စောင့်ကြည့်ထားရှိနိုင်ရန်အတွက် Quarantine Center အဆောက်အဦသစ် တည်ဆောက်လျက်ရှိကြောင်း သိရသည်။

Quarantine Center အဆောက်အဦသစ်ကို တာချီလိတ်-ကျိုင်းတုံသွားလမ်းမကြီးဘေး၊ ဝမ်းလုံးရပ်ကွက်၊ သစ်လွင်မိုးဆီပန့်အနီးတွင် အလှုရှင် ဦးစိုင်းတီမှ မိမိပိုင်ဆိုင်သည့်မြေကွက် ပေါ်တွင် လူဦးရေ (၂၄၀)ဦးခန့် ထားရှိနိုင်ရန် တစ်ထပ်အဆောက်အဦ အဆောင်(၂)ဆောင်၊ ရုံးခန်းနှင့် စားဖိုဆောင်တွဲလျက်(၁)ဆောင်၊  စုစုပေါင်း(၃)ဆောင်ကို ဆောက်လုပ်လှူဒါန်းခြင်းဖြစ်ပြီး ယခုလအတွင်း အပြီးတည်ဆောက်ရန် စီစဉ်ထားကြောင်း သိရသည်။

ယခင်က အသုံးပြုခဲ့သည့် ကွာရန်တင်းစင်တာ (၃)ခုအား ပိတ်သိမ်းပြီး ပိုင်ရှင်များကို ပြန်လည်အပ်နှံခဲ့ကြောင်း၊ လက်ရှိအချိန်တွင် ဆေခမ်းရပ်ကွက် တာချီလိတ်-ဝမ်ပုံ သွားလမ်းမကြီးဘေးရှိ စံလင်းဖြိုး Quarantine Center ကို အသုံးပြုလျက်ရှိကြောင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်ထံမှ သိရှိရသည်။

ယာဆေး( ပြန်/ဆက်)