ခရမ်းမြို့နယ်တွင် အသက်(၁၆)နှစ်နှင့်အထက် ပြည်သူများ မှတ်ပုံတင်ကတ်ပြား ပြုလုပ်ရန်မကျန်ရှိစေရေး ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်

ခရမ်း  မတ် ၁၄

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား မေလ (၃)ရက်နေ့မှစတင်၍ ရပ်ကွက် /ကျေးရွာ များအတွင်း သတ်မှတ်နေရာများအလိုက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မကျီးကန်ကျေးရွာအတွင်းနေ အသက်(၁၆)နှစ် နှင့်အထက်ပြည်သူများ မှတ်ပုံတင်ကတ်ပြုလုပ်ရန် မကျန်ရှိစေရေးအတွက် မြို့နယ်လဝကဦးစီးမှူး မောင်မောင်သန်းနှင့် ဝန်ထမ်းများက ကွင်းဆင်း၍ စိစစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်လဝကဦးစီးမှူး ဦးမောင်မောင်သန်း ဦးဆောင်သော ဝန်ထမ်းများက ရပ်ကွက် /ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့်တွေဆုံ၍ ပန်းခင်းစီမံချက်ဖြင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန  မြို့နယ်ဦးစီးမှူးရုံးမှ တိုင်းရင်းသားတိုင်း၊ နိုင်ငံသားဖြစ်ခွင့်ရှိသူတိုင်း မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းများ ရရှိရေးအတွက် ရပ်ကွက် /ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ချိတ်ဆက်၍ ရပ်ကွက်များအရောက် ကွင်းဆင်းဆောင်ရွက် ပေးခြင်းဖြစ်ပြီး အိမ်ထောင်စုများမှ ကိုင်ဆောင်လက်မှတ် မရှိသူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်း၊ ဆောင်ရွက်ပြီး မှတ်ပုံတင်ကတ်များ ပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့ရပ်ကွက်အတွင်း အသက်(၁၆)နှစ်နှင့်အထက် ပြည်သူများ မှတ်ပုံတင်ကတ်ပြုလုပ်ရန် မကျန်ရှိစေရေး ရာနှုန်းပြည့်အမြန်ပြီးစီးရေး လိုက်လံစိစစ်၍ ကက်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးအပ်ခဲ့ရာ ရပ်ကွက်နေပြည်သူ ( ၁၆၀ )ဦးတို့အား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါပန်းခင်းစီမံချက်ဖြင့် ခရမ်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်ကတ်ပြားများအား ၂၀၂၁ ခုနှစ် မေလ(၃)ရက်နေ့မှ စတင်ဆောင်ရွက်ပေးခဲ့ပြီး ၂၀၂၂ ခုနှစ်နိုဝင်ဘာ (၃)ရက်နေ့အထိ(၁၈ လ) ကြာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုမင်း ( ခရမ်း )