ဆိပ်ကြီးခနောင်တို မတ် ၁၄
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နေ သည့် ကာလအတွင်း မြို့နယ်နေပြည်သူများအနေဖြင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်း၏ စီစဉ်မှုဖြင့် မြို့နယ်အတွင်း ဆန်၊ ဆီ သယ်ယူရောင်းချရေးယာဉ်ဖြင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသင့်တင်စွာလာရောက် ရောင်းချပေးခဲ့သည်။
ထိုသို့ရောင်းချပေးရာတွင် ဆန်ကြမ်း ၅ ပြည်အိတ် ၇၅ အိတ် ဆန်ချော ၅ ပြည်အိတ် ၇၅ အိတ်နှင့် ဆီ ၅၀ ကျပ်သားဘူး၂၀၀နှင့် ကြက်ဥ ၁၀ လုံးပါကတ် ၂၀၀ တို့ကို မြို့နယ်အတွင်း ဆမားဒူးဝါးရပ်ကွက်ရှိ လူစည်ကားရာနေရာတွင် ပြည်သူများ အားရောင်းချပေးခဲ့ရာ မြို့နယ်စည်ပင်သာယာ ဝန်ထမ်းများနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝေယံ(IPRD)