နမ့်ခမ်းမြို့၌ နွေစပါးတောင်သူများက ၂၀၂၂-ခုနှစ်အတွက် နွေစပါးများ စိုက်ပျိုးပြီးစီး

နမ့်ခမ်း မတ် ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်မှ နွေစပါးများစိုက်ပျိုးကြသည့် တောင်သူများက ၂၀၂၂-ခုနှစ်အတွက် နွေစပါးများကို ယမန်​နေ့တွင် နွေစပါးစိုက်ပျိုးခြင်း လုပ်ငန်းများ စိုက်ပျိုးပြီးစီးပြီးဖြစ်ကြောင်း သိရသည်။

နမ့်ခမ်းမြို့နယ်တွင် ယခုနှစ် နွေစပါးစိုက်ဧကပေါင်း (၁၅၀၀)ကျော်ရှိပြီး လွန်ခဲ့သော (၃)ရက်ခန့်က လယ်ထွန်တုန်း ပိတ်သိမ်းကာ နွေစပါးစိုက်ပျိုးမှု ပြီးစီးခဲ့ပြီး နွေစပါး စိုက်ပျိုးသည့် တောင်သူများက ဒေသတွင်း ကြိုက်နှစ်သက်သော စားသုံးရန် ကောင်းမွန်သည့် UD-16 စပါးမျိုးကို အများစုစိုက်ပျိုးကြပြီး တစ်ချို့တောင်သူများက တရုတ်ပြည်မှ စပ်မျိုးစပါးကို စိုက်ပျိုးကြသည်။ မြို့နယ်အတွင်း စိုက်ပျိုးသည့် နွေစပါးသည် တစ်ဧက ပျမ်းမျှအထွက်နှုန်း (၁၃၀)တင်းကျော် ထွက်ရှိပြီး ဒေသတွင်း ကြိုက်နှစ်သက်သဖြင့် အရောင်းအဝယ်ကောင်းကာ  ဝင်ငွေပိုမိုရရှိပြီး နွေးစပါးစိုက်ပျိုးရေးလုပ်ငန်း ဖြစ်ထွန်းသည်။

နမ့်ခမ်းမြို့နယ်အတွင်းရှိ နွေစပါးတောင်သူများသည် နွေစပါးများ စိုက်ပျိုးပြီးဖြစ်၍ စပါးပျိုးပင်များကို မြေသြဇာကျွေးခြင်း၊ ရေသွင်းရေထုတ်ခြင်း၊ ပိုးမွှားရန်မှ ကာကွယ်ခြင်းနှင့် စသည့်လိုအပ်သည့် ပြုစုမှုလုပ်ငန်းများ ဆက်လက်လုပ်ကိုင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆိုင်ထွန်း