ကျိုင်းတုံ မတ် ၁၄
အခြေခံပညာကျောင်းများတွင် မကြာမီကာလအတွင်းဖြေဆိုမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုချိန်အတွင်း မီးလောင်မီးလန့်မှုမရှိစေရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ မတ် ၁၃ ရက်တွင် ကျိုင်းတုံခရိုင်/ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆရာ၊ ဆရာများနှင့် တာဝန်ရှိသူများက ပူးပေါင်း၍ မီးဘေးလုံခြုံရေး စစ်းဆေးပေးခြင်းနှင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျိုင်းတုံခရိုင် မီးသတ်ဦးစီးမှူး ဦးကျော်သူနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆရာ၊ ဆရာများနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုချိန်ကာလအတွင်း မီးလောင်မီးလန့်မှုမရှိစေရေး ကျောင်းတွင်းအပြင် မီးဘေးလုံခြုံရေး စစ်ဆေးခြင်းနှင့် ကျောင်းပတ်ဝန်းကျင် လူနေအိမ်များအား မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခဲ့ပြီး ကျောင်းအတွင်း၊ အပြင်၊ သန့်ရှင်းသာယာ လှပရေး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ်ကာ မြို့နယ်အတွင်း အခြား ကျောင်းများတွင်လည်ကး မီးဘေးလုံခြုံရေးစစ်ဆေးနှင့် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)