အုတ်ဖို မတ် ၁၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့မှ ဧပြီလ (၉) ရက်နေ့အထိ ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ (၇၀၀) ဦးရှိကြောင်း သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲကို (အ.ထ.က)အုတ်ဖို၊ (အ.ထက)အိုသည်ကုန်း၊ (အ.ထ.က) အေးမြသာယာနှင့် (အ.ထ.က)ခွဲ လသာကုန်း စုစုပေါင်းစာစစ်ဌာန (၄)ခုဖြင့်ကျင်းပပြု လုပ်သွားမည်ဖြစ်ရာ ကျောင်းတွင်းဖြေဆိုမည့်သူ (၄၃၅)ဦး၊ ပြင်ပဖြေဆိုမည့်သူ (၂၆၅)ဦး စုစုပေါင်း (၇၀၀) ဦးဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ပြီး စာမေးပွဲကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဦးကိုကိုမောင်ထံမှ သိရသည်။
အောင်သူ(အုတ်ဖို)