မိုးညှင်းမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့်‌ကျေးရွာများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ လိုက်လံထိုးနှံပေးလျက်ရှိ

မိုးညှင်း မတ် ၁၄

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မတ်လ(၁၃)ရက် နံနက်(၉)နာရီမှစတင်ကာ ဆေးထိုးစုရပ်နေရာများ၌ လိုက်လံ ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မိုးညှင်းမြို့နယ်အတွင်းရှိ မိုးညှင်းဒေသ၊ ဟိုပင်ဒေသနှင့် နန့်မွန်းဒေသတို့တွင် သံဃာတော်/သီလရှင်(၃)ပါး၊ အခြားဝင်ငွေရှိသော လုပ်ငန်းလုပ်ကိုင်သည့်ပြည်သူ (၁၅၃)ဦး၊ မှီခိုသူ(၄၄)ဦးနှင့် ဈေးသားဈေးသူ(၁၀)ဦး စုစုပေါင်း(၂၁၀)ဦးတို့ကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက အသီးသီးထိုးနှံပေးခဲ့ကြောင်း သိရသည်။ ထို့နောက် ၎င်းမြို့နယ်အတွင်းရှိ ဝေးလံသည့်ကျေးရွာဒေသခံ ပြည်သူများကို မတ်လ(၃)ရက်နေ့မှ ဧပြီလ(၂)ရက်နေ့အထိ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ကျန်းမာရေး ဝန်ထမ်းများအားပူးပေါင်း၍ ကျေးရွာများအရောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် အသိပညာပေးဟောပြောခြင်းကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)