ပန်းတနော်၊ မတ် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် အသက်(၁၈)နှစ်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(ပထမအကြိမ်)နှင့် (ဒုတိယအကြိမ်) ကာကွယ် ဆေးထိုးနှံရန် ကျန်ရှိ နေသော ဒေသခံပြည်သူများအား ယနေ့နံနက် ၉ နာရီက အလယ်ပိုင်းရပ်ကွက် ပြည်လုံးချမ်းသာ သာသနာ့ဗိမာန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံ ပေးလျက်ရှိသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေး လာရောက်ထိုးနှံသူများကို ကာကွယ်ဆေးမထိုးမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းနှင့် ကာကွယ်ဆေးထိုးမှတ်တမ်းရေးသွင်းခြင်းများ ဆောင်ရွက် ပေးလျက်ရှိပြီး ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး(ပထမအကြိမ်) လာရောက်ထိုးနှံသူ စုစုပေါင်း (၁၂၄)ဦးနှင့် (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံသူ စုစုပေါင်း (၆၁၃)ဦးတို့ ရှိကြောင်း သိရသည်။
ပြည့်ဖြိုးကျော်( ပြန်/ ဆက်)