ကျောက်တန်း မတ် ၁၄
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်အတွင်းရှိ မိဘပြည်သူများအား မီးဘေး အန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးအောင်ကျော်ဝင်းနှင့်တပ်ဖွဲ့ဝင်များက ယနေ့နေ့လယ်(၁၂)နာရီခွဲ အချိန်တွင် ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့အသိပေးနှိုးဆော်ရာတွင် မြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် မီးဖိုမီးသုံးစွဲပြီးပါက မီးကြွင်းမီးကျန်မရှိစေရေး စနစ်တကျငြိမ်းသတ်ကြရန်၊ လျှပ်စစ်မီးသုံးစွဲရာတွင် သတိပြုသုံးစွဲကြရန်၊ လျှပ်စစ်မီးကြိုးများ ကောင်းမွန်မှုရှိ/မရှိ စစ်ဆေးကြရန်၊ လျှပ်စစ်မီးသုံးစွဲပြီးသည့်အခါတိုင်း မီးခလုတ်များကို သေချာစွာပိတ်ကြရန်နှင့် လိုအပ်လျှင်မီးမိန်းခလုတ်များချထားကြရန် အစရှိသည့် အသိပေးနှိုးဆော်ခြင်းများကို မြို့နယ်အတွင်း လိုက်လံအသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)