ကာမိုင်း မတ် ၁၂
ကချင်ပြည်နယ်၊ မိုးညှင်ခရိုင်၊ ဖားကန့်မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏လမ်းညွှန်မှုအရ ကာမိုင်းမြို့ ဧရိယာ အတွင်း ရှိရပ်ကွက်၊ ကျေးရွာ အုပ်စုများတွင် ကာကွယ် ဆေးမထိုးနှံရသေး သူများအား ဆက်လက်ထိုးနှံရေးအတွက် Mobile စနစ်ဖြင့် သွားရောက် ထိုးနှံ ပေးရေးနှင့် တက္ကသိုလ်၀င်စာမေးပွဲဖြေဆိုရေးဆိုင်ရာ များနှင့် ပတ်သတ်၍ အစည်းအဝေးကျင်းပခြင်းကို မတ်လ ၁၂ ရက်နေ့နံနက် (၁၁)နာရီခွဲခန့်က မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးခန်း၌ကျင်းပခဲ့သည်။
အစည်းအဝေးတွင်မြို့ထွေထွေအုပ်ချုပ်ရေးမှူး ဦးသန်းထိုက်က ဖားကန့်မြို့နယ်ကိုဗစ် ၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ညွှန်ကြား ချက်ဖြစ်သော အသက်(၁၈) နှစ်နှင့် အထက်ဆေးထိုးနှံရန် ကျန်ရှိနေသူများကို ဧပြီလကုန်တွင်အပြီး ဆောင်ရွက်ပေးနိုင်ရေးအတွက် ကိုဗစ်-၁၉ ကော်မတီ၀င် များအား အဖွဲ့ခွဲ၍ Mobile စနစ်ဖြင့် သွားရောက်ထိုးနှံပေးခြင်းကို ဆောင်ရွက်ပေးကြရန်ပြောကြားသည်။
ထို့နောက်အ.ထ.ကကျောင်းအုပ်ဆရာမကြီး ဒေါ်ဆိုင်းခေါန်က၂၀၂၁ ၂၀၂၂ပညာသင်နှစ် တက္ကသိုလ်၀င် စာမေးပွဲကို ယခုနှစ်တွင် ကာမိုင်းမြို့၌ စာစစ်ဌာ နမရှိသည့်အတွက် စာမေးပွဲဖြေ ဆိုမည့် ကျောင်းသား၊ ကျောင်းသူ(၁၃၉)ဦးကို မိုးကောင်းမြို့နယ်၊ အ.ထ.က-နောင်ကိုင်တော်သို့ သွားရောက် ဖြေဆိုရ မည်ဖြစ်၍ ဌာနဆိုင်ရာများ ကပူးပေါင်းဆောင်ရွက်ပေးကြရန် တင်ပြမှုကို မြို့အုပ်ချုပ်ရေးမှူးကလိုအပ်သည်များ ပေါင်းစပ် ညှိနိူင်ပေးခဲ့ကြောင်း သိရသည်။
လဆိုင်း(ပြန်/ဆက်)