သာယာဝတီ မတ် ၁၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ပွင့်လင်းရာသီရောက်ရှိလာပြီ ဖြစ်၍ မီးဘေးအန္တရယ် လုံခြုံမှုရှိစေရန်နှင့် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက စံရွေးတန်းရပ်ကွက်နှင့် ငဖြူကလေးကျေးရွာ များအား လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းသို့ လိုက်လံစစ်ဆေး ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်လွင်ဦး ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်း၍ မြို့နယ်အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဆေးဗူး၊ မီးချိတ်၊ မီးကပ်၊ သဲပုံးရေပုံးများကို စီစဉ်ဆောင်ရွက်ထားရှိရန်၊ မီးဘေးနှင့် ပတ်သက်သည့် အသိပညာပေး ဆောင်ပုဒ်များကို လူများ ထင်သာမြင်သာနေရာများတွင် ထားရှိခြင်း၊ လျှပ်စစ်မီး အသုံးပြုရာ၌ မီးဘေးလုံခြုံရေးအတွက် အလေးထား လိုက်နာဆောင်ရွက်ကြရန်၊ မီးသတ်ဆေးဘူး အသုံးပြုပုံ သရုပ်ပြသခြင်း၊ မီးဘေးအန္တရာယ်နှင့် ပတ်သက်သည့် အသိပညာပေးခြင်း၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်/ ရှောင်ရန်နှင့် မီးဘေးအန္တရာယ်ကြုံတွေ့ပါက သက်ဆိုင်ရာ တာဝန်ရှိသူများထံ အချိန်နှင့် တစ်ပြေးညီ သတင်းပေးပို့ ဆောင်ရွက်သွားရန် နေအိမ်ခြံဝန်းအတွင်းမီးလောင်လွယ်သော အမှိုက်များအား ရှင်းလင်းထားရန်၊ မီးသုံးစွဲရာတွင် မီးဖိုဝန်းကျင်၌ မီးမလောင်နိုင်သော သံပြားများဖြင့် ကာရံထားရန် တို့ကိုမှာကြားခဲ့ပြီး မီးဘေးလုံခြုံစိတ်ချရမှု ရှိ/ မရှိ လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။
သန့်ဇော်