အမြို့မြို့အနယ်နယ်သတင်းများ

Mar 14,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၌  ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ်နှင့် ပတ်သက်ပြီး အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ အသိပညာပေး ဆွေးနွေးပွဲကို မတ်လ ၁၃ ရက်နေ့  နံနက် (၁၀) နာရီက  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းနဲ့အညီ  ကျင်းပသည်။
Mar 14,2022
၂၀၂၃ ခုနှစ်တွင်ကျင်းပမည့် လွတ်လပ်၍ တရားမျှတသော အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် မြေပြင်လူဦးရေ စာရင်းနှင့် တိုက်ဆိုင်စစ်ဆေး လုပ်ငန်းကို မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ ယနေ့နံနက် ၉ နာရီက စတင် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
Mar 14,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အမှတ်(၁) နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းအမျိုးသမီးကျောင်းရှိ ဝန်ထမ်းများနှင့် ကျောင်းသူများအား စာ‌ပေ‌အသိပညာ‌‌ပေး ဟောပြောပွဲနှင့် သုတ၊ ရသ စာအုပ်များ လှူဒါန်းခြင်း အခမ်းအနားကို အဆိုပါကျောင်းရှိ ခန်းမ၌ ယနေ့ မွန်းလွဲ (၂) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Mar 14,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများ၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးမှုစာရင်းများအား တစ်အိမ်တက်ဆင်း ကောက်ခံခြင်းလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့ နံနက်(၉)နာရီ အချိန်က မင်းပြားမြို့ ပြည်တော်လှရပ်ကွက်၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Mar 14,2022
မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းပြီး (၇၇)နှစ် မြောက် တပ်မတော်နေ့အကြို ဖတ်မိသမျှ စကားပုံများရေးသားနည်း ပြိုင်ပွဲကို ယနေ့ နံနက်(၁၁)နာရီက မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Center ခန်းမ၌ ကျင်းပသည်။
Mar 14,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ရည်ရွယ်၍ ကိုဗစ်-၁၉ရောဂါ ပိုးရှိ/မရှိ RDT Test Kit ဖြင့် အရှိန်အဟုန်မပျက် ဆက်လက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Mar 14,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ရှမ်းတိုင်ရင်းသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာပေချစ်မြတ်နိုးသူများ အသင်း (Book Club) တို့ ပူးပေါင်း၍  ရှမ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဆိုင်ရာ နွေရာသီရက်တိုသင်တန်း ဖွင့်လှစ်နိုင် ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။
Mar 14,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် ယနေ့ မွန်းလွဲ ၂ နာရီက ဆယ်ကျော်သက်မှသည် နိုင်ငံအင်အား အမျိုးသမီးများဘဝဆီသို့ အသိပညာပေး Talk Show ဆောင်ရွက် ခဲ့သည်။