အမြို့မြို့အနယ်နယ်သတင်းများ

Mar 15,2022
သန်လျင်မြို့နယ် စာရေးဆရာအသင်းကကျင်းပသော ရေးသူ၊ဖတ်သူ စာပေမျှဝေပွဲကို ယမန်နေ့ နံနက် ၉ နာရီတွင် သန်လျင်မြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်တောင်ပိုင်းခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန ( Community Centre) ၌ ကျင်းပသည်။
Mar 15,2022
ကချင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့မှ ကြီးမှူးကျင်းပသော စာရင်းအင်းဥပဒေနှင့် နည်းဥပဒေများ အသိပညာမြှင့်တင်ရေး ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားများ ပြောကြားသည်။
Mar 15,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးတွင် မတ်လ(၃၁)ရက်နေ့မှ ဧပြီလ(၉)ရက်နေ့အထိ တပြိုင်တည်း ကျင်းပ သွားမည်ဖြစ်ရာ မချမ်းဘောမြို့ အခြေခံပညာအထက်တန်းကျောင်းတွင်လည်း စာစစ်ဌာန တစ်ခုအဖြစ် ဖွင့်လှစ်ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် စာစစ်ဌာနအတွက် လုံခြုံရေး၊ အဖြေလွှာနှင့် မေးခွန်းလွှာ သယ်ယူပို့ဆောင်ရေးနှင့် အထွေထွေလုပ်ငန်းများဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မလိခခန်းမ၌ ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
Mar 15,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့၌ "သင့်ကြောင့်မီးမလောင်ပါစေနှင့်" အသိပညာပေး ဆိုင်းဘုတ်စိုက်ထူခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနက ယနေ့ နံနက် (၇) နာရီ အချိန်၌ ကျွန်းစုမြို့ပေါ်ရှိ လမ်းသွားလမ်းလာများပြားသော နေရာ(၅)နေရာတွင် စိုက်ထူ ဆောင်ရွက်ခဲ့ကြသည်။
Mar 15,2022
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ၈၆လမ်း၊ ၂၁လမ်းနှင့် ၂၂လမ်းကြား၊ မြို့ နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ပြည်သူ လူထုအခြေပြုဗဟိုဌာနတွင် ကလေးစာပေဖွံ့ဖြိုး တိုးတက်ရေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ရာ မြို့နယ်စာရေးဆရာအသင်း နာယကဦးကံလှ (မောင်လူလှ)၊
Mar 15,2022
တနင်္သာရီတိုင်းဒေသကြီး  ၊ ကော့သောင်းခရိုင် ၊  ကော့သောင်းမြို့တွင် အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ် - ၁၉ ရောဂါကာကွယ် ဆေးထိုးရန် ကျန်ရှိနေသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပေးခြင်းကို  ဆောင်ရွက်လျက်ရှိရာ  ယနေ့နံနက်ပိုင်းက ၊ မြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်သည့် အေးရိပ်ရပ်ကွက်အတွင်းရှိ အသက်(၁၈)နှစ်အထက် ပြည်သူများအား  ကျန်းမာရေးဌာနဝန်ထမ်းများက  ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း  သိရသည်။
Mar 15,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ် ကောင်းမှုလုံအုပ်စု၊ နမ်ဘူယန်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း၊ ကျောင်းဆောင်သစ်ဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၁နာရီ အချိန်တွင် ကျင်းပခဲ့သည်။