တနိုင်း မတ် ၁၄
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ်နှင့် ပတ်သက်ပြီး အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ အသိပညာပေး ဆွေးနွေးပွဲကို မတ်လ ၁၃ ရက်နေ့ နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းနဲ့အညီ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အန္တရာယ်အသိပညာပေးဆွေးနွေးနှင့် ပတ်သက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်ဝါဦးနှင့် တနိုင်းမြို့နယ်ဥပဒေအရာရှိ ဦးဆွတ်ရိန်ထွယ်တို့ ပူးပေါင်း၍ မော်တော်ယာဉ်များနှင့်ပတ်သက်ပြီ ဥပဒေများအကြောင်း၊ ယာဉ်နဲ့ပတ်သက်၍ လိုက်နာရမည့် စည်းကမ်းချက်များစသည့် သိကောင်းစရာများနှင့် ပတ်သက်၍ ဆွေးနွေးကြသည်။
တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွား နေစဉ်ကာလအတွင်း အသိပညာပေးလုပ်ငန်းများကိုလည်း အွန်လိုင်းမှတစ်ဆင့် ထုတ်လွှင့်ပေးလျက်ရှိသည်။
ဝါဝါ(ပြန်/ဆက်)