ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်တွင် ဆယ်ကျော်သက်မှသည် နိုင်ငံအင်အား အမျိုးသမီးများဘဝဆီသို့ အသိပညာပေး Talk Show ဆောင်ရွက်

ဥတ္တရသီရိ မတ် ၁၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် ယနေ့ မွန်းလွဲ ၂ နာရီက ဆယ်ကျော်သက်မှသည် နိုင်ငံအင်အား အမျိုးသမီးများဘဝဆီသို့ အသိပညာပေး Talk Show ဆောင်ရွက် ခဲ့သည်။

အဆိုပါ Talk Show တွင် ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေစုလှိုင်ဦးနှင့် စာရေးဆရာမ ဒေါ်သက်သက်နွယ်တို့က ဆယ်ကျော်သက်မိန်းကလေးများ၏ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှု၊ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုအခြေအနေ၊ ဆယ်ကျော်သက် အမျိူးသမီးငယ်လေးများဘဝ ကြုံတွေ့ရသည့် အခက်အခဲများ၊ ဆယ်ကျော်သက်မိန်းကလေးဘဝ အောင်မြင်ဖို့ထားရှိသင့်သည့် သဘောထားအမြင်များ စသည်တို့ကို ဆွေးနွေးခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဥတ္တရခရိုင်ရုံးအနေဖြင့် အသိပညာပေး Talk Show များ၊ ဟောပြောပွဲများ၊ ပုံပြင် ပြောခြင်းအစီအစဉ်များ စသည့် အသိပညာပေး လုပ်ငန်းများကို Onlineမှတဆင့် ရိုက်ကူးတင်ဆက်ပေးလျက်ရှိရာ ဆယ်ကျော် သက်မှသည် နိုင်ငံ အင်အား အမျိုးသမီးများဘဝဆီသို့ အသိပညာပေး Talk Show အစီအစဉ်ကိုလည်း We Love Ottarathiri Page တွင် တင်ဆက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဥတ္တရခရိုင် ပြန်/ဆက်