မင်းပြား မတ် ၁၄
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများ၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးမှုစာရင်းများအား တစ်အိမ်တက်ဆင်း ကောက်ခံခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်(၉)နာရီ အချိန်က မင်းပြားမြို့ ပြည်တော်လှရပ်ကွက်၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးစိုးမိုး၏ စီစဉ်လမ်းညွှန်ဆောင်ရွက်မှုဖြင့် မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ လူမှုအဖွဲ့အစည်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာ့ လုပ်အားရှင်များပူးပေါင်းပြီး ရပ်ကွက် ကျေးရွာများအား အိမ်ထောင်စုလူဦးရေစာရင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ ပြီးစီးမှု စာရင်းများနှင့် ကာကွယ်ဆေးမထိုးနှံရသေးသော ပြည်သူများအားကာကွယ်ဆေးထိုးနှံရန် တစ်အိမ်တက်ဆင်း ကွင်းဆင်း စာရင်းကောက်ယူခြင်း လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့သည်။
ထို့အပြင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးနှင့် မျိုးကွဲသစ်အိုမီခရွန်ရောဂါ ကာကွယ်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို အကြိမ်ပြည့် မပျက်မကွက်ခံယူပါ။ အပြင်ထွက်တိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို စနစ်တကျ မပျက်မကွက်တပ်ဆင်ပါရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ သိန်းနုအောင်