မြစ်ကြီးနားမြို့၌ အသိပညာ‌ပေး ဟောပြောပွဲနှင့် သုတ၊ ရသ စာအုပ်များလှူဒါန်းခြင်း အခမ်းအနားကျင်းပ

မြစ်ကြီးနား မတ် ၁၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အမှတ်(၁) နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းအမျိုးသမီးကျောင်းရှိ ဝန်ထမ်းများနှင့် ကျောင်းသူများအား စာ‌ပေ‌အသိပညာ‌‌ပေး ဟောပြောပွဲနှင့် သုတ၊ ရသ စာအုပ်များ လှူဒါန်းခြင်း အခမ်းအနားကို အဆိုပါကျောင်းရှိ ခန်းမ၌ ယနေ့ မွန်းလွဲ (၂) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကချင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ စာရေးဆရာ အကြီးကိုကို (ကသာ)က "အမြင့်ပျံသန်းနိုင်တဲ့ ဒဏ္ဏာရီ" ခေါင်းစဉ်ဖြင့် စာပေအသိပညာပေး ဟောပြောခဲ့‌ပြီး  စာရေးဆရာ အကြီးကိုကို‌ (ကသာ)၏ (၁၂) ကြိမ်မြောက် မဲခေါင်စာပေဆုရရှိခဲ့သည့် ပြိုပျက်ခဲ့ သော သက္ကရာဇ်များ စာအုပ်အပါအဝင် ငွေကျပ်တန်ဖိုး (၂) သိန်းရှိ‌ သုတ၊ ရသစာအုပ်ပေါင်း (၁၀၈)အုပ်အား လှူဒါန်းပေးအပ်ရာ မြစ်ကြီးနားမြို့၊ အမှတ်(၁) နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်း အမျိုးသမီးကျောင်းအုပ်ဆရာမကြီး ဒေါ်မေသီအောင်က လက်ခံ ရယူခဲ့သည်။

ထို့နောက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြား ရေးမှူး ဦးကျော်ကျော်ဦးက အသိပညာ‌ပေး ဟောပြောခဲ့သည့် စာရေးဆရာ အကြီးကိုကို (ကသာ) အား အမှတ်တရ ဆုလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်မေသီအောင်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ခရိုင်(ပြန်/ဆက်)