မိုင်းရယ်မြို့ Community Center ခန်းမ၌ (၇၇)နှစ်မြောက် တပ်မတော်နေ့အကြို ဖတ်မိသမျှ စကားပုံများ ရေးသားနည်းပြိုင်ပွဲကျင်းပ

မိုင်းရယ် မတ် ၁၄

မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းပြီး (၇၇)နှစ် မြောက် တပ်မတော်နေ့အကြို ဖတ်မိသမျှ စကားပုံများရေးသားနည်း ပြိုင်ပွဲကို ယနေ့ နံနက်(၁၁)နာရီက မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Center ခန်းမ၌ ကျင်းပသည်။

(၇၇)နှစ်မြောက် တပ်မတော်နေ့အကြို ဖတ်မိသမျှ စကားပုံများရေးသားနည်း ပြိုင်ပွဲကို  မိုင်းရယ်မြို့နယ် အခြေခံပညာ အထက်တန်းကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား/သူ (၁၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ယင်းနောက် ဆုရရှိသူများအား မိုင်းရယ်မြို့နယ်၊ ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်မာလာက ဆုများအသီးသီး ပေးအပ် ချီးမြှင့်ခဲ့သည်။

မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် Book Club, Youth Club, Women club များ ဖွဲ့စည်းထားရှိပြီး လူငယ်လူရွယ်များ စာဖတ်သည့် အလေ့အထများ တိုးပွားစေရေး၊ စာကြည့်တိုက်အား ကျွမ်းကျင်စွာ အသုံးပြုနိုင်ရေးနှင့် မိမိလေ့လာထားသမျှတို့ အား မိမိပတ်ဝန်းကျင်တွင် ပြန်လည်မျှဝေနိုင်စေရေးအတွက် လစဉ် ပြပွဲ၊ ပြိုင်ပွဲ၊ စာဖတ်ဝိုင်း၊ အသိပညာပေး Talk Show များကို ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

ဟန်နီခင်(မိုင်းရယ်)