သဲကုန်းမြို့တွင် ဆီထွက်သီးနှံ ဆင်းရွှေကြာ-၂ နေကြာဧကပေါင်း ၁၁၄ ဧက စိုက်ပျိုးထားရှိပြီး အောင်မြင်ဖြစ်ထွန်း

သဲကုန်း  မတ်  ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင်  ဆင်းရွှေကြာ-၂မျိုး ဆီထွက်သီးနှံ နေကြာဧကပေါင်း ၁၁၄ ဧက စိုက်ပျိုးထားရှိပြီး အောင်မြင်ဖြစ်ထွန်းကြောင်း သိရသည်။ 

သဲကုန်းမြို့နယ်အတွင်း နေကြာစိုက်ပျိုးနိုင်သော မြေအမျိုးအစားအားလုံးတွင် တိုးချဲ့စိုက်ပျိုးနိုင်ရန် အတွက် စိုက်ပျိုးရေးဦးစီးဌာနက  နေကြာစိုက်ပျိုးမည့် တောင်သူများထံသို့ ဆင်းရွှေကြာ- နေကြာမျိုးစေ့   ၅၅၂  ပြည်ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

"ဒေသတွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံမြေပဲ၊ နှမ်း စုစုပေါင်းစိုက်ဧက ၇၀၀၅ နှင့် ဆင်းရွှေကြာ- နေကြာသီးသန့် ၅၉ ဧက၊ သီးညှပ် ၅၅ ဧက စုစုပေါင်း အသားတင်စိုက်ဧက ၁၁၄ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး လာမည့်နှစ်တွင်နေကြာသီးသန့်စိုက်ဧက ၁၀၀နှင့် သီးညှပ်ဧက ၃၀၀၀ ကျော် စိုက်ပျိုးရန်လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဝင့်နန္ဒာဌေး