အုတ်ဖိုမြို့တွင် သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီရောင်းချပေး

အုတ်ဖို မတ် ၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့၊ မြို့မ(၂)လမ်းတွင် ပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန် ရည်ရွယ်၍ စားအုန်းဆီများကို ဆီလုပ်ငန်းရှင်နှင့် ဆီကုန်သည်များအသင်းမှ ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။

ဆီလုပ်ငန်းရှင်နှင့် ဆီကုန်သည်များအသင်းမှ ရောင်းချပေးသည့် အုတ်ဖိုမြို့အတွက် စားအုန်းဆီ (၁၅)ပီပါကို မြို့နယ်အရောင်းကိုယ်စားလှယ် ဦးထွန်းသိန်းက တာဝန်ယူကာ ဒေသခံ ပြည်သူများအား ပြန်လည်၍ တစ်ပိဿာလျှင်(၆၈၀၀) ကျပ်နှုန်းဖြင့် တစ်အိမ်ထောင်လျှင် (၂) ပိဿာမှ (၃) ပိဿာအထိ ရောင်းချပေးလျက်ရှိကြောင်း မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)