ပေါက်ခေါင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေး တစ်အိမ်တက်ဆင်း စစ်ဆေးဆောင်ရွက်

ပေါက်ခေါင်း မတ် ၁၅

ပူပြင်းခြောက်သွေ့သော နွေရာသီအချိန်ကာလသို့ ရောက်ရှိပါသောကြောင့် ပြည်သူများ၏ နေအိမ်အဆောက်အဦများ၊ ဈေးဆိုင်များနှင့် သာသနိက အဆောက်အဦများ မီးဘေးအန္တရာယ် မဖြစ်ပွားစေရေးအတွက် ပေါက်ခေါင်းမြို့နယ် မီးသတ်ဦးစီးဌာန ဝန်ထမ်းများက ယမန်နေ့က မြို့ပေါ်ရပ်ကွက်အတွင်းသို့ တစ်အိမ်တက်ဆင်း စစ်ဆေးပြီး အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲမင်းသန်း၏ ဦးဆောင်မှုဖြင့် ရပ်ကွက်အတွင်း ပြည်သူများ၏ နေအိမ်များတွင် နေ့စဉ်အသုံးပြုနေသော ထင်းမီး၊ မီးသွေး၊ လျှပ်စစ်မီး၊ ဂက်(စ်)မီးဖို အသုံးပြုသူများအား မီးစနစ်တကျ အသုံးပြုရန် မီးကြွင်းမီးကျန်များကို စနစ်တကျ ငြှိမ်းသတ်ရန်နှင့် လျှပ်စစ်မီးဖိုနှင့် ဂက်(စ်)မီးဖိုများ သုံးစွဲပြီးပါက ခလုပ်များ စနစ်တကျ ပြန်ပိတ်ရန်နှင့် နေအိမ်များတွင် မီးလောင်လွယ်သော ပစ္စည်းများကို စနစ်တကျ ထားရှိရန်တို့ကို မီးသတ်တပ်ဖွဲ့ဝင်များက ရပ်ကွက်အတွင်းသို့ တစ်အိမ်တက်ဆင်း အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်