နောင်ချို မတ် ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်း အသင်း၏ (၄၇၉၉) ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူမှုကို ယနေ့နံနက် အရုဏ်တက်အချိန်၌ လောင်းလှူခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်းကို ၁၆.၈.၂၀၀၆ တွင် စတင်တည်ထောင်ခဲ့ပြီး မြို့တွင်းဘုန်းတော်ကြီးကျောင်း ခုနှစ်ကျောင်းမှ သံဃာတော်အပါး တစ်ရာကျော်အား အရုဏ်ဆွမ်းများ နေ့စဉ်မပြတ် လောင်းလှူလျက်ရှိကာ ၂၀၂၂ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် အကြိမ်ရေ ၄၇၉၉ ကြိမ် လောင်းလှူခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် မိဘ ၂ပါးနှင့် အကိုကြီး၊ မောင်လေးတို့အား ရည်စူး၍ ဘူတာရပ်ကွက်နေ ဒေါ်စန်းမြင့်မိသားစု၊ ကိုရဲရင့်အောင်+မနန်းခမ်းအောင်တို့၏ ၂ နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည် အလှူနှင့် မြို့နယ်အတွင်း အလှူရှင်များမှ လောင်းလှူခဲ့ကြသည်။
အဆိုပါ အရုဏ်ဆွမ်းလောင်းလှူသည့် သံဃာဒါနဆွမ်းလောင်းအသင်းသို့ နောင်ချိုမြို့နယ်သူ၊ မြို့နယ်သားများမှ နေ့စဉ်မပြတ် မိမိတို့ အစီအစဉ်ဖြင့် လာရောက်လောင်းလှူမှုများ ရှိသည့်အပြင် ရပ်နီး၊ ရပ်ဝေးမှလှူ ဒါန်းလိုသူများမှလည်း ပင်မအလှူရှင်အဖြစ် တစ်ရက်တာအရုဏ်ဆွမ်းအတွက် အလှူငွေကျပ် ရှစ်သောင်းတိတိ လှူဒါန်းလျက်ရှိကြောင်း၊ ပင်မအလှူရှင် မရှိသည့်နေ့များတွင် သံဃဒါနဆွမ်းလောင်းအသင်းမှ လောင်းလှူလျက်ရှိကြောင်း ဆွမ်းလောင်းအသင်းထံမှ သိရသည်။
ထွေးငယ်