ဘုတ်ပြင်းမြို့နယ် သီရိမင်္ဂလာစေတီတော်တွင် တင်လှူပူဇော်မည့် ရွှေထီးတော်၊အရန်စေတီများ၏ ထီးတော်များနှင့် ဘုရားရုပ်ပွားတော်များ မြို့တွင်းသို့ လှည့်လည်ပူဇော်

ဘုတ်ပြင်း မတ်  ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ် အတွင်းဘုတ်ပြင်းကျေးရွာအုပ်စု  ကရိုင်တိုင်ကျေးရွာရှိ သီရိမင်္ဂလာတပ်ဦးကော်ပတ်တော ကျောင်းတိုက်တွင် တည်ထားလျက်ရှိသည့် သီရိမင်္ဂလာစေတီတော်ကြီး၏ ရွှေထီးတော်၊ အရန်စေတီများ၏ထီးတော်များနှင့် ဘုရားရုပ်ပွားတော် တို့ကို ယမန်နေ့ ညနေက မြို့တွင်းသို့ လှည့်လည်ပူးဇော်ခဲ့ကြောင်းသိရသည်။

အဆိုပါ ရွှေထီးတော်၊ အရန်စေတီများ၏ ထီးတော်များနှင့် ဘုရားရုပ်ပွားတော်များအား တာဝန်ရှိသူများ က ပြည်သူများဖူးမျှော်နိုင်ရန်အတွက်  မြို့တွင်းသို့ လှည့်လည်ပူဇော်ခဲ့ပြီး သီရိမင်္ဂလာတပ်ဦး ကော်ပတ်တောကျောင်းတိုက်အတွင်းရှိ အပူဇော်ခံမဏ္ဍပ်၌ စံပယ်ကိန်းဝပ်လျက်ရှိရာ ပြည်သူများ လာရောက်ဖူးမျော်ပူဇော်လျက်ရှိသည်။ စေတီတော်ကြီး၏ ရွှေထီးတော်တင် ရေစက်ချအလှူတော် မင်္ဂလာအခမ်းအနားကို ၁၃၈၃ ခုနှစ်၊ တစ်ပေါင်းလပြည့်နေ့ ၂၀၂၂ ခုနှစ် ၊ မတ်လ ၁၆ ရက်နေ့တွင် ရွှေထီးတော်တင်လှူပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)