အင်းကြားကျေးရွာ မီး​ဘေးသင့်အိမ်ထောင်စု (၄)စုအတွက် မကွေးတိုင်း ကြက်ခြေနီသူနာပြု တပ်ဖွဲ့ ဦးစီးမှူး(ဒုတိယတန်း)ဒေါ်ခိုင်ခိုင်လှနှင့်အဖွဲ့မှ သွားရောက်ထောက်ပံ့

ဆင်ပေါင်ဝဲ  မတ်  ၁၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အင်းကြားကျေးရွာ၌ မီးဘေးသင့်အိမ် ထောင်စု(၄)စုအတွက် ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး၊ မကွေးတိုင်း ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဦးစီးမှူး (ဒုတိယတန်း) ဒေါ်ခိုင်ခိုင်လှ၊ မြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များမှ မီးဘေးသင့်အိမ်ထောင်စုလက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့သည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ထိခိုက်က်ခံစားရသည့် အိမ်ထောင်စု(၄)စုအတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ထောက်ပံ့သော မိသားစုသုံး ပစ္စည်းများ၊ တစ်ကိုယ်ရည်သန့်ရှင်းရေး သုံးပစ္စည်းများ၊ အိမ်ဆောက်အထောက်အကူပြုပစ္စည်းများနှင့် အမျိုးသမီးတစ်ကိုယ်ရည် သန့်ရှင်းရေးသုံးပစ္စည်းများကို မကွေးတိုင်းဒေသကြီး ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ဦးစီးမှူး (ဒုတိယတန်း)ဒေါ်ခိုင်ခိုင်လှနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူးတို့မှ ပေးအပ်လှူဒါန်းခဲ့ပြီး အသိပညာပေးဗီနိုင်းကပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နိုင်လင်း(မြို့နယ်ပြန်/ဆက်)