မြစ်သား မတ် ၁၆
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းပြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယမန်နေ့ ညနေ(၄)နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်သီတာအောင်က ဆွေးနွေးပွဲကျင်းပရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြား ပြီးမြို့နယ်အမျိုးသမီးရေးရာအဖွဲ့(အတွင်းရေးမှူး) ဒေါ်ထွန်းထွန်းမော်က ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာများနှင့် ပတ်သက်၍ ကလေးသူငယ်အခွင့်အရေးဆိုတာဘာလဲ၊ ကလေးသူငယ် အခွင့်အရေးဆိုတာ နိုင်ငံတော်မှာရော ကလေးသူငယ်အခွင့်အရေးဥပဒေမှာရော သတ်မှတ်ထားတာ(၄)ခုရှိကြောင်း၊ ကလေးသူငယ်တိုင်း ကလေးသူငယ်တိုင်း ရှင်သန်ခွင့်ရှိရမည်၊ ဖွံ့ဖြိုးတိုးတက် ပိုင်ခွင့်ရှိရမည်၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်ရှိရမည်နှင့် လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ပိုင်ခွင့် ရှိရမည်ဖြစ်ကြောင်း၊ အခွင့်အရေးဆိုတာရှိသလို တာဝန်ဆိုတာလည်း လူသားတိုင်းတွင်ရှိကြောင်း၊ ကလေးတစ်ယောက်ဟာ လူသားတစ်ယောက်ဖြစ်သည့်အတွက် ကလေးသူငယ်အခွင့်အရေးတွေ ရှိသလို ကလေးတွေရဲ့ တာဝန်ဆိုတာလည်းရှိကြောင်း၊ နိုင်ငံတော်က သတ်မှတ်ထားသည့် စည်းမျဉ်း ဥပဒေတွေကို လိုက်နာရမည့်တာဝန်ရှိကြောင်း၊ မွေးဖွားကြီးပြင်းရာ ထိန်းသိမ်းစောင့်ရှောက်ရမည့် ဓလေ့ထုံးစံများကို ထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ မွေးဖွားရာနိုင်ငံတော်ကို ချစ်ဖို့တာဝန်ရှိကြောင်း၊ ကလေးသူငယ်များအားလုံးကိုလည်း ဒီတာဝန်တွေ ရှိကြောင်းကို သိရှိအောင် သင်ကြားထားပေးဖို့ လိုအပ်ကြောင်းကို ဆွေးနွေးခဲ့ပါသည်။ ဆက်လက်ပြီးဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်သီတာအောင်က ကလေးများသည် မိဘများက လုပ်ကိုင်ကျွေးရတာဖြစ်သော်လည်း ကလေးများတွင်လည်း အခက်အခဲများရှိကြောင်း၊ မိဘ၊ ဦးလေး/အဒေါ်၊ ဆရာသမားများနှင့် ပတ်ဝန်းကျင်က ကလေးများ ကို ရုပ်ပိုင်းဆိုင်ရာရိုက်နှက်ဆုံးမခြင်း၊ စိတ်ပိုင်းပိုင်ရာဖိနိုပ်ချုပ်ချယ်ခြင်း၊ အနိုင်ကျင့်အကြမ်းဖက်ခံရ သောအခက်အခဲများလည်းရှိကြောင်း ပြန်လည်ဆွေးနွေးခဲ့ရာ ဒေါ်ထွန်းထွန်းမော်က ကလေးများလုပ်ငန်းခွင်များတွင် အဓ္ဓမခိုင်းစေသည့် ဥပဒေများနှင့်ပတ်သက်သည့် အကြောင်းအရာများကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြမြမွန်(မြစ်သား)