ကျောက်ကြီး မတ်လ ၁၆
ပဲခူးတိုင်းဒေသကြီးတောင်ငူခရိုင် ကျောက်ကြီးမြို့နယ် တုံးကြီးကျေးရွာအုပ်စု ရှမ်းလယ်ပြင်တွင် တည်ထားကိုးကွယ်ထားသော ငြိမ်းချမ်းရေးဧစေတီတော်အား မတ်လ ၁၆ ရက်နေ့ နံနက် ၉ နာရီက ထီးတော်တင်မင်္ဂလာ အခမ်းအနားအား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ဖန်းခါးကုန်းကျေးရွာ တပ်ဦးကျောင်းတိုက် ရပ်ကျေးသံဃာ့ဥက္ကဋ္ဌ ဆရာတော်ဥူးဣန္ဒာစာရ ဦးဆောင်၍ ဒေသခံပြည်သူများနှင့်အတူ စေတီတော်ပြန်လည်မွမ်းမံတည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ထီးတော်တင်မင်္ဂလာအခမ်းအနားအား သတ်မှတ်မင်္ဂလာအချိန်၌ ငြိမ်းချမ်းရေး စေတီတော်၏ ထီးတော်အား မိုးပျံပန်းရထားဖြင့်လည်ကောင်း၊ အရံစေတီတော် (၄)ဆူ၏ ထီးတော်များအား ဒေသခံပြည်သူများက လက်ဆင့်ကမ်းပင်ဆောင်၍ လည်းကောင်း၊ ထီးတော်များ အသီးသီးတင်လှူခဲ့ကြသည်။ ထို့နောက်ဆရာတော် ဣန္ဒာစာရ ဦးဆောင်ပြီး ပင့်သံဃာ့ဆရာတော်များက ငြိမ်းချမ်းရေးဧစေတီတော်ကြီးအား အနေကဇာ တင်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ငြိမ်ချမ်းရေးဧစေတီတော်ပြန်လည်ပြုပြင်မွန်မံခြင်းနှင့် ထီးတော်ဆပ်ကပ်လှူဒါန်းခြင်းမှာ ဒေသခံပြည်သူများ၏ မတည်ငွေ၊ လှူဒါန်းငွေများ အကျိုးတော်ဆောင်များနှင့်ဒေသခံကျေးရွာသူ ကျေးရွာသားများ၏ လုပ်အားဒါနများဖြင့် ကျောက်ကြီးမြို့နယ်တွင် ကပ်ရောဂါဘေး ကင်းဝေးပြီး၊ စစ်ဘေးအန္တရာယ်ကင်းဝေးစေရန် ငြိမ်းချမ်းရေးဧစေတီတော် အမည်ဖြင့် ဗုဒ္ဓဘာသာဝင်တိုင်း ကိုးကွယ်ဖူးမျှော်နိုင်ရန်ရည်ရွယ်ကြောင်း ဆရာတော်ကြီး၏မိန့်ကြားချက် အရသိသည်။
မြို့နယ်ပြန်/ဆက်