ဝေါ မတ် ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် ရှေးဟောင်း သမိုင်းဝင်ဆုတောင်းပြည့် ကြုံတူစေတီတော်မြတ်ကြီး၏ (၃၁)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် သက်ကြီးဝါကြီးဆရာတော်များပူဇော်ပွဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူ အလှူရှင်များစုပေါင်းကာ မတ်လ (၁၆)ရက်နေ့၊ (တပေါင်းလပြည့်နေ့) နံနက် ၈ နာရီတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ရှေးဦးစွာ ရှေးဟောင်းသမိုင်းဝင်ဆုတောင်းပြည့် ကြုံတူစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယ ပွဲတော်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမော်၊ အဖွဲ့ဝင်များဖြစ်သည့် ဗိုလ်မှူး မျိုးဝင်းအောင်၊ ရဲမှူးခင်မောင်ဆန်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲထွန်းမြင့်၊ ဦးကြည်ဝင်း နှင့် ဆုတောင်းပြည့် ကြုံတူစေတီတော်မြတ်ကြီး ဂေါပကဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် အလှူရှင်များ တက်ရောက်လာသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဘုရားဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင် ဒေသခံပြည်သူများကဝေါမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကြုံတူစေတီ တော်မြတ်ကြီး၌ ဗုဒ္ဓပူဇနိယပွဲတော်အား ကျင်းပပြုလုပ်ခဲ့ရာ ဝေါမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း၊ စာသင်တိုက်(၁၆၈)ကျောင်းမှ ဆရာတော်များ ကြွရောက်၍ ဘုရားအနေကဇာတင် ဆောင်ရွက်ပြီး ထေရ်ကြီးဝါကြီး ဆရာတော် (၁၁)ပါးအား ဂုဏပူဇာ ပူဇော်ပွဲကျင်းပကာ ကြွရောက်လာသော ဆရာတော်များအား ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုများ၊ အသင်းအဖွဲ့များ၊ အလှူရှင်များမှ ရှေးဟောင်းဆုတောင်းပြည့် ကြုံတူစေတီတော်မြတ်ကြီးကို လက်ယာရစ်လှည့်ပတ်ပူဇော်၍ ဆရာတော်များအားဆွမ်းဆန် စိမ်းနှင့် လှူဘွယ်ဝတ္တုငွေပစ္စည်းများ လောင်းလှူခဲ့ပြီး နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)