ရွှေသောင်ယံ မတ် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး Community Centreခန်းမတွင် ချစ်နိုင်(စိတ်ပညာ) ရေးသားသည့်အောင်မြင်ဖို့အချိန် စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီက ကျင်းပပြုလုပ်ရာ စာဖတ်ဝိုင်းသို့ BookClub၊ Youth Club အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
စာဖတ်ဝိုင်းတွင် ရှေးဦးစွာပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ခင်ဝေဝေမြင့် မှ စာဖတ်ဝိုင်း၏ ရည်ရွယ်ချက်နှင့် ယခုစာဖတ်ဝိုင်းပြုလုပ်သည့် ချစ်နိုင်(စိတ်ပညာ)၏ အောင်မြင်ဖို့ အချိန် စာအုပ်မှရရှိနိုင်မည့် အကျိုးကျေးဇူးဗဟုသုတများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စာဖတ်ဝိုင်းလာရောက်သောBook Club၊Youth Clubအဖွဲ့ဝင်များမှ ဆက်လက်ဆွေးနွေးခဲ့ကြရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် အောင်မြင်ဖို့အချိန်စာအုပ်မှဖတ်ရှုရသည့်အကြောင်းအရာများကို တစ်ဦးချင်း၏အတွေးအမြင်အယူအဆ စသည်ဖြင့် နှီးနှောဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကိုကိုမောင်